Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းပြည်နယ်​မြောက်ပိုင်း ​ကျောက်မဲ၊ သီ​ပေါ၊ ​နောင်ချို နှင့် ပြင်ဦးလွင် ခရိုင်တွင်တိုက်ပွဲများဖြစ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကျောက်မဲခရိုင်တပ်ရင်းကလည်း မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီဟု ယနေ့နံနက် သတိပေးထားသည်။

မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံး​ဖော် နှင့် မန္တ​လေး PDFတပ်ဖွဲ့ဝင်များ
မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံး​ဖော် နှင့် မန္တ​လေး PDFတပ်ဖွဲ့ဝင်များ

▪︎​တော်လှန်​ရေးလှိုင်းတစ်လှိုင်း ၊ ၁၀၂၇ ဒုတိယလှိုင်း လာပြီဟု​တော်လှန်​ရေးအင်အားစုများ​ပြော

ဇော်ရမ်း ၊ဒီပ /People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့အနီးပတ်ဝန်းကျင်နှင့် ပြည်ထောင်စုလမ်းမပေါ်၌ ယနေ့(ဇွန်လ ၂၅ရက်) နံနက်ပိုင်း တိုက်ပွဲပြင်းထန်စွာပြန်လည်ဖြစ်ပွားပြီးနောက် ကျောက်မဲမြို့‌ပေါ်တွင် လူအသွားအလာမရှိတော့ဘဲ တိတ်ဆိတ်နေသည်။

“မနက်၇နာရီမှစပြီးနောင်ချို့မြို့ပတ်ဝန်းကျန် ၊ကျောက်မဲ မြို့ပတ်ဝန်းကျင် ၊ သီပေါမြို့ ပတ်ဝန်းကျင် ၊မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့စကစပစ်ခတ်မှုတွေဖြစ်နေပါပြီ”ဟု ​ဒေသခံတစ်ဦးက ​ပြောသည်။

မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံး​ဖော် နှင့် မန္တ​လေး PDFတပ်ဖွဲ့ဝင်များ
မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံး​ဖော် နှင့် မန္တ​လေး PDFတပ်ဖွဲ့ဝင်များ

ဇွန် ၂၄ ရက်ညတွင် မန္တ​လေးတိုင်း၊ပြင်ဦးလွင်ခရိုင်ရှိ မိုးကုတ်မြို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ဇွန် ၂၅ ရက်မနက်တွင် ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ ​မြို့အချို့တွင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြို့ အနီးဝန်းကျင် ​ဒေသများတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ၊စစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းဒေသခံအချို့ကပြောသည်။

▪︎သီ​ပေါ

သီ​ပေါမြို့တွင် လမ်းသွားလမ်းလာမရှိ​တော့ဘဲ ​ခြောက်ကပ်​နေပြီး စစ်​ကောင်စီဝန်ထမ်းများမှာလည်း ယ​​နေ့မနက် ယူနီ​ဖောင်းမဝတ်ကြ​တော့​ကြောင်း​ဒေသခံများက​ပြောသည်။

သီ​ပေါမြို့ နှင့် အနီးဝန်းကျင်​ကျေးရွာများရှိ ပြည်သူများစစ်​​ဘေး​ရှောင်​နေကြပြီဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ကားရှိသူတွေလည်းထွက်ပြေးကြတာရှိသလို ၊မပြေးနိုင်သူတွေလည်းရှိနေပါတယ်။ သီပေါပြည်သူလူထုအနေနဲ့စကစရဲ့မမြင်မကန်းပစ်တတ်တဲ့ဟောင်ဝစ်ဇာ နဲ့ ၆၀မမ ၁၂၀မမ ၊လေယာဥ်ပျံစတာတွေအတွက်ပူပန်ကြောက်ရွံ့နေရပါတယ်”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

သီ​ပေါမြို့ ပြင်တွင် စစ်​ကောင်စီတပ်၏ ခမရ (၅၀၃) ၊ ခမရ (၅၀၄ ) ၊ ခလရ (၂၃ ) ရှိပြီး မြို့တွင်း​နေရာအချို့ ၌ စစ်​ကောင်စီတပ်က တပ်စွဲထားသည်။

၁၀၂၇စစ်ဆင်ရေးအတွင်း ပျက်စီးသွားခဲ့ပြီး ယာယီပြန်တည်ဆောက်နေသည့် သီပေါမြို့ရှိ ဒုတ္ထဝတီမြစ်ကူး ကျင်သီတံတားလည်း ယနေ့နံနက်ပိုင်း၌ ထပ်မံပျက်စီးသွားပြီဟု ဒေသခံများကပြောသည်။

မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံး​ဖော် နှင့် မန္တ​လေး PDFတပ်ဖွဲ့ဝင်များ
မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံး​ဖော် နှင့် မန္တ​လေး PDFတပ်ဖွဲ့ဝင်များ

▪︎​ကျောက်မဲ

ယ​နေ့နံနက် ကျောက်မဲမြို့ တိုက်ပွဲသည် မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမပေါ်ရှိ စခန်းသာနှင့် ကျောက်မဲမြို့ဘိုးဘွားရိပ်သာအနီး တောင်နောက်ရွာ၌ စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာ၍ TNLA၊PDFပူးပေါင်းတပ်ဖွဲ့နှင့် ဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။

” စစ်တပ်ကရှေ့တိုးလာတော့ တိုက်ပွဲဖြစ်မှာကိုကြိုသိကြတယ်။ ဒါပေမဲ့အခုကအရမ်းမြန်နေတယ်။ ရှေ့ဆက်ပြီးတော့ ချကြတော့မယ်” ဟု မြို့ခံတဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကျောက်မဲခရိုင်တပ်ရင်းကလည်း မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီဟု ယနေ့နံနက် သတိပေးထားသည်။

မြို့ခံများသည် ဘေးလွတ်ရာသို့တိမ်းရှောင်နိုင်ရေး ပြင်ဆင်နေကြသည်။ ပြည်ထောင်စုလမ်းမပေါ်တွင်သွားလာနေသော ခရီးသွားများ လုံခြုံရေးသတိပြုကြရန် ကျောက်မဲမြို့ခံများကသတိပေးသည်။ လက်ရှိတွင် ကျောက်မဲမြို့အဝင်အထွက်လမ်းကို စစ်ကောင်စီကပိတ်ထားကြောင်းဒေသခံများကပြောသည်။

▪︎​နောင်ချို

​နောင်ချို့မြို့နယ်တွင်လည်း ​တော်လှန်​ရေးတပ်များနှင့် စစ်​ကောင်စီတပ်တို့ကြား ယ​နေ့မနက်မှ စ၍ တိုက်ပွဲဖြစ်ပွား​နေသည်။

​နောင်ချို မြို့ နယ်ရှိ အုမ္မတီလမ်းခွဲ ၊ ကျောက်ကြမ်း စ​သော​နေရာများတွင်တိုက်ပွဲဖြစ်ပွား​နေ​ကြောင်းသိရပြီး သတင်းအ​သေးစိပ်ကိုမူ မသိရ​သေး​ပေ။

​ကျောက်မဲမြို့ ဇွန် ၂၅ ရက်မနက်မြင်ကွင်း
​ကျောက်မဲမြို့ ဇွန် ၂၅ ရက်မနက်မြင်ကွင်း

▪︎မိုးကုတ်

မိုးကုတ်မြို့ အနီးဝန်းကျင်တွင် ဇွန် ၂၄ ရက်ညမှ စ၍ ​တော်လှန်​ရေးတပ်များနှင့် စစ်​ကောင်စီတပ် အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့​ကြောင်း ​ဒေသခံများက​ပြောသည်။

“မြို့ပြင်ကို ပစ်တာပေမယ့် မီးပွားတွေ မြို့လယ်အင်းထဲလောက်ကိုတော့ဖွာကျသွားတာတွေ့လိုက်တယ်သတိတော့ထားကျပါ”ဟု ​ဒေသခံပြည်သူတစ်ဦးကအချင်းချင်းသတိ​ပေးထားသည်။

“အသံတွေ ကြားနေရတယ်အကျယ်ကြီးပဲ။ ကြောက်လိုက်တာ”ဟု​ဒေသခံတစ်ဦးက ​ဒေသခံများစုဖွဲ့သတင်းဖလှယ်​သောဂရုတစ်ခုတွင်​ပြောထားသည်။

” မိုးကုတ်မှာ ပြင်းအားကြီးတဲ့အသံတွေ ကြားနေရတယ်။

မြို့လယ် အင်းထဲထိ မီးပွါးတွေထိုးကျသွားတယ်ကြားတယ်။

အသိသတိနဲ့ နားစွင့်ပြီးနေကြပါ။လိုအပ်တာတွေကို ထုပ်ပိုးထားပါ ၊အဆင်သင့်ပြင်ထားပါ၊လိုအပ်လာရင် အချင်းချင်းဝိုင်းကူပေးကြပါ ။ပြည်သူတွေမှာ ပြည်သူတွေရှိတယ်

မိုးကုတ်သား/သူ တွေက အမြဲ စည်းလုံးပါတယ်

အရမ်းလဲ ကူညီတတ်တယ်”ဟု ​ဒေသခံတစ်ဦးကလည်းပြည်သူအချင်းချင်းစည်းလုံးကူညီကြရန်​ရေးသားထားသည်။

မိုးကုတ်တိုက်ပွဲဖြစ်ပွားမှုအ​ခြေအ​နေ​နောက်ဆက်တွဲကို People’s Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

မန္တ​​လေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်သို့ရောက်ရှိနေသည်ကားများ ရောက်ရာနေရာ၌ရပ်တန့်ထားကြရန် ဒေသခံများကပြည်သူ အချင်းချင်း သတိပေးနေသည်။

“ရှမ်း/မြောက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သီပေါ မှ နောင်ချို အထိ ခရီးသွားယာဉ်များ ရောက်တဲ့နေရာမှာရပ်နားထားကြပါရန်”ဟု​ဒေသခံပြည်သူတစ်ဦးကလည်း ​ဖေစ်ဘွခ်မှတစ်ဆင့် ပြည်သူများသို့အသိ​ပေးထားသည်။

​ကျောက်မဲမြို့ ဇွန် ၂၅ ရက်မနက်မြင်ကွင်း
​ကျောက်မဲမြို့ ဇွန် ၂၅ ရက်မနက်မြင်ကွင်း

▪︎မတ္တရာ

မတ္တရာမြို့နယ်တွင်လည်း ​အနည်းဆုံး​နေရာသုံးခုတွင် တိုက်ပွဲများဖြစ်ပွား​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။သို့သော်လည်း တိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူစမသိရ​သေး​ပေ။

▪︎​နောက်တစ်လှိုင်းလာပြီ

“ရှမ်း​မြောက်နဲ့ ပြင်ဦးလွင် ခရိုင် ​နေရာအနှံအပြားမှာ တိုက်ပွဲကြီးများစ ။​နောက်တလှိုင်းလာ​ချေပြီ ။တစ်လှိုင်းပြီးတလှိုင်းလာမယ်”ဟု သပိတ်​ခေါင်း​ဆောင် ​ဒေါက်တာ​တေဇာစန်းက ယ​နေ့မနက်တွင်​ရေးသားထားသည်။

ရှမ်းပြည်နယ် ​မြောက်ပိုင်းတွင် ၂၀၂၃ ​အောက်တိုဘာ ၂၇ ရက်တွင် ညီ​နောင်မဟာမိတ် သုံးဖွဲ့နှင့် ​တော်လှန်​ရေးတပ်​ပေါင်းစုစတင်ခဲ့​သော ၁၀၂၇ စစ်ဆင်​ရေးမှာ စခန်း​ပေါင်းရာချီ မြို့​ပေါင်း တစ်ဒါဇင်​ကျော်သိမ်းယူပြီး​နောက် တရုတ်ကြားဝင်မှူဖြင့် ​ကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှစ၍ ဟိုင်ဂင်သ​ဘောတူညီမှုဖြင့် ရပ်နားသွားခဲ့သည်။ ထိုသို့ရပ်နားပြီး ၅ လ​ကျော်အကြာတွင် ရှမ်းပြည်နယ်​မြောက်ပိုင်း၌ ​တော်လှန်​ရေးအဖွဲ့များ၏ ထိုးစစ်ပြန်လည်စတင်လာခြင်းဖြစ်သည်။

​တော်လှန်​ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းပြန်စပြီ ဖြစ်​ကြောင်း​ရေးသားအသိ​ပေးထားသည်။

(​​မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံး​ဖော် နှင့် မန္တ​လေး PDFတပ်ဖွဲ့ဝင်များ / ​ကျောက်မဲမြို့ ဇွန် ၂၅ ရက်မနက်မြင်ကွင်း။ဓါတ်ပုံ-AA ၊ MDY-PDF ၊ CJ)

ဆက်စပ်သတင်းများ

သတင်း

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

သတင်း

လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။

သတင်း

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နှင့် မြို့ ၇မြို့ကိုသိမ်းပိုက်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း MDY-PDFနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် ထိုးစစ်များ အတူဆောင်ရွက်ခဲ့သည်။

သတင်း

တအာင်းဒေသ လက်ရှိ စစ်ရေး၊နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်များကို TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။