Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်း ၃၀နီးပါးမှကိုယ်စားပြု သံဃာတော်များစုပေါင်းပြီး စစ်​ကောင်စီကို ကံဆောင်သပိတ်မှောက်

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။

(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဘုန်းကြီးကျောင်း ၃၀နီးပါးမှ ကိုယ်စားပြု သံဃာတော်များစုပေါင်းပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ဒီပဲယင်းမြို့နယ် ကျေးရွာပေါင်း ၃၀ နီးပါးရှိ ဘုန်းကြီးကျောင်းများမှ ကိုယ်စားပြု သံဃာတော် ၃၀ နီးပါးက ကျောင်းတစ်ကျောင်းရှိသိမ်၌ စုဝေး၍ စစ်ကောင်စီကို ဝိနည်းတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း အဆိုပါ ဆရာတော်၊ သံဃာတော်များက မိန့်ကြားသည်။

“စစ်ကောင်စီက နွေဦးတော်လှန်ရေးကာလမှာ စစ်ကောင်စီဖမ်းဆီးနှိပ်စက်သတ်ဖြတ် ထောင်ချထားတဲ့ သံဃာတွေဟာ ဆယ်ချီရာချီမြောက်မြားစွာ ရှိနေပါတယ်။ ဒီသံဃာတော်တွေအပေါ်မှာ ပြုလုပ်ခဲ့တဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ အနိုင်ကျင့်မှု ဒါတွေကြောင့်လည်း စစ်ကောင်စီကို ဦးဇင်းတို့က ပတ္တနိက္ကုဇ္ဇနကံဆောင် ဒဏ်ခတ်ခြင်းဖြစ်ပါတယ်။”ဟု ဒီပဲယင်း ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

Public Service Announcement

Public Service Announcement

(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ – CJ)

စစ်ကောင်စီသည် အညာဒေသ၌ စစ်ကြောင်းထိုး၍ မီးရှို့ခြင်း၊ ပြည်သူများနှင့် ရဟန်းသံဃာများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် ပြည်သူများနှင့်အတူ ရဟန်းသံဃာများပါ သေကြေပျက်စီးခြင်း၊ ထိုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေခြင်းများအား ရပ်တန့်ရန်နှင့် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ပြည်သူကျေနပ်အောင်တောင်းပန်ရန်၊ နောက်နောင်ယခုကဲ့သို့အကြမ်းဖက်မှုများ လုံးဝမပြုလုပ်ရန် ဝိနည်းနှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာတော်က မိန့်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ သံဃာတော်များကလည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရာမှအစပြု၍ စစ် အာဏာရှင်အပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့ခြင်း​ဖြစ်သည်။

ထို့အပြင် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များကလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်၍ စစ် အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် ယနေ့(ဇွန်လ ၂၄ ရက်)တွင် တောင်းဆိုထားသည်။

“သပိတ်မှောက်တဲ့အဖွဲ့တွေကလည်း သပိတ်တွေမှောက်နေပြီ။ လှုပ်ရှားလို့ရတဲ့ဆီကနေ လှုပ်ရှားနေပြီ။ ဆရာတော်ကြီးရဲ့ စျာပနာကို မြို့ထဲကကောအဝေးကကော လိုက်ပါ ပို့ဆောင်ဖို့ပေါ့၊ အားလုံးချိတ်ဆက်ပြီးတော့ မြို့နယ်အလိုက်တွေအစုံ ဝိုင်းဝန်းပြီး သပိတ်မှောက်ဖို့ အဲဒီလိုအကြမ်းဖျင်းplanတွေ သိရပါတယ်။”ဟု ဆရာတော်ကြီး၏ တပည့်ဟောင်းသံဃာတော်တစ်ပါးဖြစ်သူ ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် အား ဇွန်လ ၁၉ ရက် နံနက်ပိုင်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် ပစ်ခတ်ခဲ့ရာမှ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အာဏာသိမ်းစစ်​ကောင်စီအ​ပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သပိတ်ဦးဆောင်ရာတွင်ပါဝင်သည့် ချောင်းဦးဆရာတော်နှင့် လူထုနွေဦး၏ ​မေးမြန်းခန်းကို ဖော်ပြလိုက်ပါသည်။

သတင်း

တအာင်းဒေသ လက်ရှိ စစ်ရေး၊နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်များကို TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ သံဃာထုအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မေးမြန်းခန်း

ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသည့် Kayan Rescue Committee မှ ကိုချမ်းအေးကို လူထုနွေဦး(People's Spring )က ဆက်သွယ်မေးမြန်းထားပါသည်။