Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်ဒေသ စစ်ရှောင်ဦးရေတိုးလာ

KNU အုပ်ချုပ်ရေးနယ်မြေရှိ စစ်ဘေးရှောင်များ အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ အနေဖြင့် တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်များ ကူညီရေးအတွက်ပြင်ဆင်ခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲဖြစ်၍ စစ်ရှောင်ရပါက ကော်မတီကို ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)

▪️တောတောင်ဆီသို့ ထွက်ပြေးတိမ်းရှောင်ရသူ အများအပြားရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း ဆက်လက်လုပ်ဆောင်ခဲ့၍ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံဦးရေ ထပ်တိုးလာကြောင်း ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင် များအရေးပေါ် ကူညီရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်က စတင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် ယမန်နေ့(ဒီဇင်ဘာ ၂၉)ရက် အထိ စစ်ရှောင်ဦးရေ ၁,၅၀၀ကျော်ရှိပြီး ယနေ့ နေ့လည်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ရှောင်သူ ထပ်တိုးလာကြောင်း ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ – ဒေသခံ)

“ဒီနေ့မှာတော့ သုံးရာလောက် ကျွန်တော်တို့ သွားကူညီနိုင်ခဲ့တယ်။ မနက်ဖြန်လည်းသွားအုံးမယ်။ အများစုက တောထဲမှာ လုံခြုံတဲ့နေရာ ရပ်တည် ပြီးရှောင်ရတဲ့သဘောရှိတယ်။ တချို့ကျတော့ ရပ်ရွာမှာ လာနေတဲ့သူလည်းရှိတယ်။ တချို့ကျတော့လည်း ဒေါနတောင်တန်းကိုအခြေခံပြီး တောထဲမှာ ရှောင်နေရတဲ့သူ အများအပြားရှိတယ်။ တောတောင်ကို တက်ပြီး လုံခြုံတဲ့နေရာ ရွှေ့ကြတာပေါ့”ဟု ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

KNU အုပ်ချုပ်ရေးနယ်မြေရှိ စစ်ဘေးရှောင်များ အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ အနေဖြင့် တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်များ ကူညီရေးအတွက်ပြင်ဆင်ခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲဖြစ်၍ စစ်ရှောင်ရပါက ကော်မတီကို ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“အခု ဒီနေ့စာရင်းပြုစုတာ ၁,၅၀၀ ကျော်သွားပြီ။ ဒါက ရတဲ့စာရင်း။ မရတာတွေလည်းရှိသေးတယ်။ တချို့က မြို့ထဲဝင်နေတဲ့သူတွေလည်းရှိတယ်။ နောက်တခါ မြို့ကို မအားကိုးဘဲ တောကို ပြေးပြီး မီခိုတဲ့သူလည်းရှိတာပေါ့။ ဒီနေ့ နေ့လည်ပိုင်း လေယာဉ်လာကြဲတဲ့အချိန်မှာ ရုန်းထွက်လာတဲ့သူတွေလည်း အများအပြားရှိတယ်”ဟု စစ်ရှောင်များအရေးပေါ် ကူညီရေးကော်မတီတာဝန်ရှိသူက ပြောသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ – ဒေသခံ)

၎င်းက ဆက်လက်၍ “မောင်းမရွာသစ်အုပ်စုကလေ။ ဒုက္ခသည်စခန်းကို ရောက်တာ သူများသတင်းပို့လာတယ်။ ကျွန်တော်တို့ဒေသ ရပ်ရွာထဲမှာပဲ သူတို့ တည်းခိုတာပေါ့။ မိုးချုပ်လာပြီဆိုတော့ ကျွန်တော်တို့လည်း လိုက်မမီတော့ဘူး။ ကျွန်တော်တို့လည်း ပြန်ပြီးတော့ ညွှန်ကြားတာက ရောက်ရှိတဲ့ရွာတိုင်းအိမ်တိုင်း နေရာတိုင်းက ကျေးရွာလူကြီးတွေကို အရေးပေါ် စားနပ်ရိက္ခာအတွက် အရင်ဖြေရှင်းပေးပါလို့ ဒီဒေသတစ်ခုလုံးကို ပြောထားတာပေါ့”ဟု ပြောသည်။

ထို့အပြင် စစ်အာဏာရှင် မပြုတ်ကျမချင်း တိုက်ပွဲများ ဆက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ အဆိုပါ အခြေအတွေင် လူသားချင်း စာနာမှု အကူအညီများ အဓိက ဦးစားပေး ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ – ဒေသခံ)

ယနေ့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ သံချပ်ကာ ယာဉ်နှင့် လက်နက်ကြီး များ အသုံးပြုတိုက်ခိုက်ပြီး ကော့ကရိတ်ဒေသ နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။ တစ်ဖက်တွင်လည်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်က ပြန်လည်ခုခံရန် အဆင်သင့်ရှိနေကြောင်း ကော့ကရိတ်ဒေသခံက ပြောသည်။

You May Also Like

သတင်း

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကိုPeople's Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

သတင်း

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။