Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု

ဗယ်ရိုနီကာသည် ယခုနှစ်အတွင်း မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲထိုးသတ်ခဲ့ရာ (၉)ပွဲ အနိုင်ရပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု
ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ မှတ်တမ်းတင် ဂုဏ်ပြုခဲ့သည်။

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု
ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု

ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းဘုရင့်ဖလား Thai Fight Royal Cup Champion ပြိုင်ပွဲတွင် ဂရိလက်ဝှေ့မယ် မွေထိုင်းချန်ပီယံ ဖီနီပီလွန်ပီကို သုံးချီ အလဲထိုးအနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

‘ဗယ်ရိုနီကာ’ သည် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆုရှင်တစ်ဦး ဖြစ်ပြီး ပြိုင်ဖက် ဂရိလက်ဝှေ့မယ်က ကမ္ဘာ့ချန်ပီယံကိုးကြိမ် ရရှိထားသည့် ဝါရင့်လက်ဝှေ့မယ် တစ်ဦးဖြစ်သည်။

ဗယ်ရိုနီကာသည် ယခုနှစ်အတွင်း မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲထိုးသတ်ခဲ့ရာ (၉)ပွဲ အနိုင်ရပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။

You May Also Like

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်​နေသည်။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

သတင်း

တော်လှန်ရေး အရှိန်မြှင့်မည့် အခြေအနေတွင် စစ်ကောင်စီတပ်ဘက်ကလည်း လှည့်ကွက်များအသုံးပြု တုန့်ပြန်လာနိုင်မှု အခြေအနေကိုလည်းဦးနေဘုန်းလတ်ကသတိပေးသည်။

သတင်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရ၏တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်စီမံချက်)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းပြခဲ့သည်ဟု ဆိုသည်။