Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့သို့လာသည့် တပ်မ(၃၃)ယာဥ်တန်းအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း တပ်မ(၃၃)မှ မုံရွာမြို့သို့ထွက်လာသည့် စစ်ကောင်စီယာဥ်တန်းအား မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force(MMU)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၃၀ရက်)တွင် စစ်ကိုင်း တပ်မ(၃၃)မှ အင်အား၂၀ခန့်ဖြင့် မြင်းမူမြို့ အ.ထ.က(၁)ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး ထိုမှတဆင့် Express ယာဥ်ဖြင့် မုံရွာမြို့သို့ဆက်လက်ထွက်ခွာစဉ် ညနေ ၄နာရိခန့်တွင် ဝမ်းပြည့်ရွာနှင့်အလ္လကပ္ပကျေးရွာကြား၌ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force(MMU)အဖွဲ့က အသိပေးသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်မှာ ပျက်စီးသွားပြီး ရှေ့သို့ဆက်မသွားနိုင်တော့ဘဲ နောက်သို့ပြန်လှည့်သွားကြောင်း၊ စစ်ကောင်စီတ​ပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း DK PDF(MMU)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို စုံစမ်းနေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ မဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယမန်နေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေ ၃နာရီ​ဝန်းကျင်ကလည်း မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရေပိုးစားရွာနှင့် နတ်ရေကန်ကျေးရွာကြား၌ ကင်းပုန်းဝပ်ထွက်လာသော စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် သုံးကြိမ်တိတိ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

KNU အုပ်ချုပ်ရေးနယ်မြေရှိ စစ်ဘေးရှောင်များ အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ အနေဖြင့် တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်များ ကူညီရေးအတွက်ပြင်ဆင်ခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲဖြစ်၍ စစ်ရှောင်ရပါက ကော်မတီကို ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

သတင်း

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

သတင်း

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။