Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး

CDF-Mindatသည် စစ်ကောင်စီအား လက်နက် ကိုင်တော်လှန်ခဲ့သည့် အစောဆုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး
လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်း လွတ်မြောက်ရေးအတွက်မဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ် အောက် မှလွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း CDF-Mindat (သတင်းနှင့် ပြန်ကြားရေးဌာန)က ထုတ်​ပြန်သည်။

ဇန်နဝါရီ ၁ရက်တွင် ပြည်သူသို့ မေတ္တာရပ်ခံတိုက်တွန်းချက်နှင့်အတူ ယင်းကဲ့သို့အသိပေးခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် လက်နက်အားကိုးပြီး ပြည်သူ့အစိုးရအဖွဲ့ဝင်များကို မတရားဖမ်းဆီးထောင်ချကာ နိုင်ငံတော်ပုန်ကန်မှု့ကြီးကို ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်း လွတ်မြောက်ရေးအတွက်မဟုတ်ပဲ မြန်မာနိုင်ငံတဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန် နိုင်ငံရေးဦးတည်ချက် ခိုင်ခိုင်မာမာချမှတ်ပြီး အဆုံးထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ထုတ်​ပြန်အသိပေးသည်။

CDF-Mindat နှင့် မင်းတပ်မြို့နယ်ပြည်သူများသည် တော်လှန်ရေးကာလ အခက်ခဲဆုံး၊အကြမ်းတမ်းဆုံးကာလ (၂) နှစ်တာ ကာလကို ကြံ့ကြံ့ခံ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ယခု ၂၀၂၃ သည် ဖက်ဆစ် စစ်အာဏာရှင်တို့ကျဆုံးမည့် နှစ်အဖြင့် ရည်မှန်းလျက် တော်လှန်ရေးအရှိန်မြှင့်တင်သွားမည်ဟုလည်း လူထုအား အသိပေးထားသည်။

ထို့အပြင် ပြည်သူကိုကာကွယ်သော တော်လှန်ရေးအဖွဲ့အဖြစ် ထမ်းရွက်သွားကြမည်ဖြစ်ကြောင်းလည်း CDF -Mindatက လူထုကို သစ္စာတိုင်တည်ထားသည်။

“CDF -Mindatသည် ခိုင်မာသော တော်လှန်ရေး ယုံကြည်ချက်ဖြင့် ဆက်လက်တိုက်ပွဲဝင်နေပြီး စွမ်းရည်ပြည့်ဝသော လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ဖြစ်စေရန် အစဥ်တစိုက် ကြိုးပမ်းကာ ပြည်သူကို ကာကွယ်သောတော်လှန်ရေးအဖွဲ့အဖြစ် ထမ်းရွက်သွားကြမည်ဖြစ်ကြောင်း သစ္စာကတိ ပြုအပ်ပါသည်”ဟု ဖော်ပြထားသည်။

စစ်အာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် CDF-Mindatအား ဆက်လက်ထောက်ခံ ပံ့ပိုးပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

CDF-Mindatသည် စစ်ကောင်စီအား လက်နက် ကိုင်တော်လှန်ခဲ့သည့် အစောဆုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီအမြှောက်တပ် (၃၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အရက်ဝယ်ထွက်လာစဥ် ကဒဲလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသည်ဟု ဒေသခံများက ဆိုသည်။

သတင်း

လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေသောကြောင့် မြိတ် - ပုလောလမ်း(ပြည်ထောင်စုလမ်းမကြီး) အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သတင်း

"စကစနဲ့လက်အောက်ခံတွေကို ကိုယ့်ဘက်ကအထိအခိုက်မရှိ ရှင်းလင်းနိုင်တဲ့အပြင် လက်နက်တွေပါသိမ်းနိုင်ခဲ့လို့ပျော်တာပေါ့ဗျာ။စကစနဲ့ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသားတိုက်ခိုက်ရှင်းသွားမယ်"ဟု တမူး-တပ်ရင်း-၁ တာဝန်ရှိသူကပြောသည်။

သတင်း

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။