Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ် နောင်ကြီးအိုင်ရွာရှိ စစ်ကောင်စီစခန်းအား ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အရာတော်နယ် နောင်ကြီးအိုင်ရွာရှိ စစ်ကောင်စီစခန်းအား ပစ်ခတ်တိုက်ခိုက်
အရာတော်နယ် နောင်ကြီးအိုင်ရွာရှိ စစ်ကောင်စီစခန်းအား ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၃၁ ရက်)နံနက် ၆ နာရီခန့်က နောင်ကြီးအိုင်ကျေးရွာတွင် အထိုင်ချနေထိုင်လျက်ရှိသော စစ်သားနှင့်ရဲများ၏ စခန်းအား(၄၀) မမ ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှင့်ရဲများသည် ပြည်သူများ၏ အဖိုးတန်ပစ္စည်းများကို ခိုးယူရောင်းချခြင်း၊ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း၊ ဒီဇင်ဘာ ၂၃ရက် က အရာတော်တပ်မှ ထွက်လာသော ၅၀ခန့်ဖြင့် အင်အားထပ်တိုးထားပြီးအောင်သုခကျေးရွာရှိ နေအိမ်များကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား လျှပ်စီးမိုးကြိုး မုန်တိုင်း တပ်ဖွဲ့နှင့် ပကဖ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်မှု အတိအကျမသ်ိရသေးကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

You May Also Like

သတင်း

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ - လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။

သတင်း

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDFအဖွဲ့အချို့ကလည်း တန်ပြန်တိုက်ခိုက်နေသည်။

သတင်း

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။

သတင်း

တပ်မဟာ ၂ နယ်မြေထဲမှာ စစ်အုပ်စု ကိုအကျိုးဖြစ်ထွန်းစေမယ့် လုပ်ရပ်နဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင် ကြဖို့လိုတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။