Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်မီးရှို့သွား​​သောဆားလင်းကြီးမြို့မှရွာ​လေးရွာစားဝတ်​နေ​ရေးအခက်ကြုံ၍ တော်လှန်​ရေးအဖွဲ့က​ငွေ​ချေး၍ကူညီ​နေရ

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည်ယနေ့(ဒီဇင်ဘာလ ၂၉ရက်)တွင်နေအိမ် ၁၂၈အိမ်အတွက်တစ်အိမ်ထောင်လျှင်ဒယ်အိုး တစ်လုံး၊ဒန်အိုး တစ်လုံး၊ဇလုံ နှစ်လုံး၊ဇွန်း သုံးချောင်း၊ဆန် နှစ်ပြည်နှင့်ဖလားတစ်လုံးစီ လှူဒါန်းခဲ့သည်။

(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)
(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့်ဆားလင်းကြီးမြို့နယ်မှ ကျေးရွာအချို့ စားဝတ်နေရေးအခက်ကြုံနေသဖြင့် အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေချေးငှား၍ ထောက်ပံပေးနေရ​ကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။

စစ်​ကောင်စီတပ်ကဆားလင်းကြီးမြို့နယ်မှတောကျောင်း၊ ဆားထုံး၊ ထန်းဇင်နှင့်လက်ပံကျွန်းကျေးရွာတို့ကိုဒီဇင်ဘာလအတွင်းမီးရှို့ဖျက်ဆီးသွားခဲ့သည်။ မီးရှို့ခံရသော နေအိမ်များမှ မိသားစုဝင်များသည် ယခုအခါ စားရေး၊နေရေးအလွန်ခက်ခဲနေသဖြင့်ဒေသခံတော်လှန်ရေးအင်အားစု​ဖြစ်သည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံလူငယ်တစ်ဦးကပြောသည်။

“ရွာထဲဝင်လာပြီးCDMအိမ်တွေ၊ဆရာမတွေအိမ်တွေ၊ PDF အိမ်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးဟောင်းအိမ်တွေကိုမေးပြီး မီးရှို့သွားတာ။ သူတို့အတွက် ကူညီနိုင်ဖို့ မဲရောင်းတယ်။ လိုငွေကို အသိတစ်ယောက်ဆီကနေချေးပြီးသွားလှူခဲ့တယ်။ စားအိုးကွဲ(စားနပ်ရိက္ခာပြတ်လပ်သည်ဟုဆိုလိုသည်)နေပြီမို့ သွားလှူခဲ့တာပါ”ဟု အဆိုပါလူငယ်ကပြောသည်။

အထက်ပါကျေးရွာလေးရွာတွင် နေအိမ် ၂၅၀ခန့်မီးလောင်သွားပြီး ချက်ပြုတ်ရန်ပင် အိုးခွက်များမရှိတော့၍များစွာ အခက်ကြုံနေရသည်ဟုသိရသည်။

(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)
(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည်ယနေ့(ဒီဇင်ဘာလ ၂၉ရက်)တွင်နေအိမ် ၁၂၈အိမ်အတွက်တစ်အိမ်ထောင်လျှင်ဒယ်အိုး တစ်လုံး၊ဒန်အိုး တစ်လုံး၊ဇလုံ နှစ်လုံး၊ဇွန်း သုံးချောင်း၊ဆန် နှစ်ပြည်နှင့်ဖလားတစ်လုံးစီ လှူဒါန်းခဲ့သည်။

“ကျွန်​တော်တို့မှာပြည်သူမှပြည်သူပဲရှိပါတယ်။အချင်းချင်း ကူညီပေးကြပါ။အခုမီးရှို့ခံလိုက်ရတဲ့ကျေးရွာမှာဆိုရင်အိမ်အသုံးအဆောင်ဘာမှမရလိုက်ပါဘူး။အကုန်မီးထဲပါသွားတာပါ။ပြည်သူမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆားလင်းကြီးဒေသ စစ်ဘေးရှောင်ပြည်သူများကိုထောက်ပံ့ကူညီလိုပါက အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာ https://www.facebook.com/profile.php?id=100087916585581 သို့ဆက်သွယ်နိုင်ပါသည်။

You May Also Like

သတင်း

ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေး ကော်မတီက ကလေးတွေအပေါ် ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ဘေးကင်းကင်းနဲ့ ပို့ဆောင်နိုင်ဖို့အတွက် တောင်းဆိုထားခဲ့ဖူးကြောင်းလည်း သိရပါတယ်။

သတင်း

ဆောမြို့နယ် နောင်ကန်ရွာနှင့် ကျင်းလုံရွာကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဗြိဘရွာကို ၂၀၂၂ ဇူလိုင်လ ၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

သတင်း

နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။