Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်

ယခုနှစ်တွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူများ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်
PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက်ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်နယ်မြေတွင် တရားစီရင်ရေးဌာနမှ ၂၀၂၂အတွင်း အမှုပေါင်း ၁၃၇မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

ယခုနှစ်တွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူများ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းအမှုများမှာ လူသတ်မှုနှင့် အပြင်းအထန်နာကျင်စေမှု (၅)မှု၊ မုဒိမ်းမှုနှင့် ကာမလိမ်လည်မှု (၂၀)မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူး (၁၀၁)မှု၊ ခိုးဆိုးလုယက်မှု (၆)မှု၊ တရားမမှု (၃)မှု၊ ငွေကြေးလိမ်လည်မှု (၂)မှုတို့ဖြစ်ပြီး ကျူးလွန်သူ (၁၃၇)ဦးအား ပြစ်ဒဏ်ပေး အရေးယူခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် လက်ရှိတွင် အမှု(၁၀)မှုကို ဝရမ်းထုတ် ထားပြီး ကျန်အမှုများမှာ တရားရင်ဆိုင်နေရဆဲဖြစ် သည်ဟု ဆိုသည်။

ကျူးလွန်သူများ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်ခွင့်ရနေသည့် ဓလေ့ကို ဖျောက်ဖျက်ရန် နှင့် ကျူးလွန်ခံရသူများအား ဆင်းရဲ၊ ချမ်းသာ၊ ဘာသာမရွေး အာဏာရှိ/မဲ့၊ ကျား၊ မ မခွဲခြားဘဲ တရားမျှတမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း TNLAက ထုတ်ပြန်သည်။

တရားစီရင်ရေးဌာနသည် ဗဟိုတရားရုံးအပြင်ခရိုင်တရားရုံး (၅)ရုံး ဖွင့်လှစ်ထားပြီး ရုံးတိုင်းတွင် တရားသူကြီးတစ်ဦးစီ ထားရှိကြောင်း၊ ၂၀၂၁ တွင်အမှုပေါင်း(၉၀)ရှိသည့်အနက် (၇၈) မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

TNLA၏ အရေးပါသည့် တပ်စခန်းများရှိရာ နမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ရက်တွင် လေကြောင်းမှ စစ်အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာရာ ဒီဇင်ဘာ ၇ရက်နေ့မှ ၁၃ရက်အထိ တစ်ပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

သတင်း

ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ မြေပြင်တိုက်ပွဲ ၅ရက်ဆက် နေ့ညဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်များတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဆောင်းပါး

ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာ နားလည်မှု လွဲခြင်းသာ ဖြစ်သည်ဟုစစ်ကောင်စီတပ်ကဆို​လေသည်။