Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နှစ်သစ်မှာ ဘုံတော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကို အစွမ်းကုန် ကြိုးပမ်းရမယ်လို့ MNDAA စစ်ဦးစီးချုပ်ပြော

ကိုဗစ်ရောဂါမရှိတဲ့ နှစ်သစ်မှာ ဘုံတော်လှန်ရေးရည်မှန်းချက် ပန်းတိုင်ကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ ကိုးကန့်တပ်မတော် (MNDAA)စစ်ဦးစီးချုပ် ဦးဖုန်တဲရင်ရဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာ ဖော်ပြပါတယ်။ တိုင်းရင်းသားများနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြတဲ့ အမျိုးသားတော်လှန်ရေးလမ်းစဉ်ဟာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ဆောက်ရေးနဲ့အတူ ပန်းတိုင်သို့ချီတက်နေကြပြီလို့ MNDAA စစ်ဦးစီးချုပ်က ပြောပါတယ်။ တော်လှန်ရေးအောင်မြင်တော့မှာဖြစ်လို့ စည်းလုံးညီညွတ်ခြင်း အခြေအနေများကို တိကျမှန်ကန်စွာ အကဲခတ်ခြင်းနဲ့ အေးတူပူမျှ မျှဝေခံစားခြင်းတို့နဲ့ တော်လှန်ရေးအင်အားစုများရဲ့ ဘုံရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပါတယ်။ အဖိနှိပ်ခံပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ဝမ်းနည်းမှုနဲ့ ဒေါသတွေကို စွမ်းအားအဖြစ် ပြောင်းလဲပြီး စည်းလုံးညီညွတ်စွာဖြင့် တော်လှန်ရေးကို အဆုံးထိတိုင် ဆက်လက်ဖော်ဆောင်သွားမယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း ဆက်ပြောပါတယ်။

(ကိုးကန့်တပ်မတော်(MNDAA)မှ တပ်သားများအား တွေ့ရစဉ်)
(ကိုးကန့်တပ်မတော်(MNDAA)မှ တပ်သားများအား တွေ့ရစဉ်)

▪️တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမယ်လို့ CDFမင်းတပ် အသိပေး

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်း လွတ်မြောက်ရေးအတွက်မဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ် အောက်မှလွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ CDF-Mindat (သတင်းနှင့် ပြန်ကြားရေးဌာန)က ထုတ်​ပြန်ပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ လက်နက်အားကိုးပြီး ပြည်သူ့အစိုးရအဖွဲ့ဝင်များကို မတရားဖမ်းဆီးထောင်ချကာ နိုင်ငံတော်ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန် နိုင်ငံရေးဦးတည်ချက် ခိုင်ခိုင်မာမာချမှတ်ပြီး အဆုံးထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးပါတယ်။ CDF-Mindat နဲ့ မင်းတပ်မြို့နယ်ပြည်သူတွေဟာ တော်လှန်ရေးကာလ အခက်ခဲဆုံး၊အကြမ်းတမ်းဆုံးကာလ (၂) နှစ်တာ ကာလကို ကြံ့ကြံ့ခံ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး အခု ၂၀၂၃ ဟာ ဖက်ဆစ် စစ်အာဏာရှင်တို့ကျဆုံးမယ့်နှစ်အဖြစ် ရည်မှန်းကာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့လည်း အသိပေးပါတယ်။

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး
လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး

▪️ယုံကြည်ချက်ခိုင်မာစွာရှေ့ဆက်ကြဖို့ မြစ်ကြီးနား ထောင်သို့ရောက်နေတဲ့ ဒေါက်တာခလမ်ဆမ်ဆွန် အသိပေး

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ၂၄ ရက်ကြာ ဘယ်သူနဲ့မှ ဆက်သွယ်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က မြစ်ကြီးနားထောင်ထဲမှတဆင့် အသိပေးပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်မှာ ဒီဇင်ဘာ ၅ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို လတ်တလောမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မြစ်ကြီးနားထောင်ကတဆင့် နှစ်သစ်နှုတ်ခွန်းဆက်စကားကို လက်ရေးနဲ့ ပေးပို့ခဲ့ရာ အားလုံးရဲ့ ဆုတောင်းသံကို ဘုရားဟာ အချိန်တစ်ခုမှာ အဖြေပေးမယ်ဆိုတာ ဆက်လက်ယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။ ယုံကြည်ချက်မရှိသော၊ လျော့နည်းသော ကိုးကွယ်ယုံကြည်ခြင်းဟာ ပန်းတိုင်မဲ့ခြင်းဖြစ်ပြီး ယုံကြည်ချက် ခိုင်မာစွာနဲ့ ရှေ့ဆက်ရှင်သန်ကြဖို့ နှိုးဆော်ထားပါတယ်။

စစ်ကြောရေး သုံးပတ်ကျော်ကြာ မည်သူနှင့်မှအဆက် အသွယ်မရဘဲ ထိန်းသိမ်းခံခဲ့ရဟု မြစ်ကြီးနား ထောင်သို့ရောက်နေသည့် ဒေါက်တာခလမ်ဆမ်ဆွန် အသိပေး
စစ်ကြောရေး သုံးပတ်ကျော်ကြာ မည်သူနှင့်မှအဆက် အသွယ်မရဘဲ ထိန်းသိမ်းခံခဲ့ရဟု မြစ်ကြီးနား ထောင်သို့ရောက်နေသည့် ဒေါက်တာခလမ်ဆမ်ဆွန် အသိပေး

▪️စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၃ လတာအတွင်း ပြည်သူ ၁၆,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုနဲ့ လက်ပါးစေတွေလက်ချက်ကြောင့် သေဆုံးခဲ့ရသူဟာ ၂,၆၈၈ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရသူ ၁၆,၇၄၀ ဦးထဲမှာ ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် ၁၃,၂၁၇ ဦးဟာ ထိန်းသိမ်းခံရဆဲဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေဟာ ၂၀ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ၃,၄၅၅ ဦးရှိတယ်လို့ သိရပါတယ်။ အသက်မပြည့်သေးတဲ့ ကလေး စုစုပေါင်း ၄၈၂ ဦးဖမ်းခံခဲ့ရပါတယ်။

စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ
စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ

▪️ဗိုလ်ရှုသဘင်မှာ အာဏာသိမ်း​ခေါင်း​ဆောင်ကို အ​လေးပြုဖို့ ​လေ့ကျင့်ရင်း Non-CDM ဝန်ထမ်းအချို့​သေဆုံး

စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်မှာ အာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်းအောင်လှိုင်ကို ချီတက်အလေးပြုဖို့ လေ့ကျင့်နေစဥ် Non CDM ဝန်ထမ်းအချို့သေဆုံးခဲ့တယ်လို့ နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းကပြောပါတယ်။ လေ့ကျင့်စဥ်သေဆုံးခဲ့တဲ့ ဌာနများမှာ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန (MOGE) နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(RTAD) မှ ဝန်ထမ်း နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကို သတင်းမပျံ့စေဖို့ ခြိမ်းခြောက်ထား​တယ်လို့ သိရပါတယ်။

(ဗိုလ်ရှုသဘင်အတွက် အာဏာသိမ်း​ခေါင်း​ဆောင်ကိုချီတက်အ​လေးပြုရန် ဒီဇင်ဘာလဒုတိယပါတ်တွင် ​နေပြည်​တော်၌ ​နေပူ​အောက်တွင်​လေ့ကျင့်​နေ​သော စစ်​ကောင်စီဝန်ထမ်းများ။ ။ဓါတ်ပုံ-CJ)
▪️ဗိုလ်ရှုသဘင်မှာ အာဏာသိမ်း​ခေါင်း​ဆောင်ကို အ​လေးပြုဖို့ ​လေ့ကျင့်ရင်း Non-CDM ဝန်ထမ်းအချို့​သေဆုံး

▪️စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နိုင်ငံရေးအင်အားစုအသီးသီးနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ NLD ထုတ်ပြန်

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားဖို့ နိုင်ငံရေးအင်အားစုအသီးသီးနှင့် တန်းတူညီမျှလက်တွဲဆောင်ရွက်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ ရည်မှန်းချက်ပြည့်ဝစေဖို့ ဆောင်ရွက်နေတယ်လို့ NLD က သတင်းစကားပါးပါတယ်။ လက်ရှိမှာ ပြည်သူလူထုတစ်ရပ်လုံး စိန်ခေါ်မှုပေါင်းများစွာရင်ဆိုင်နေရပြီး အနာဂတ်မှာ မျှော်လင့်ချက်ပေါင်းများစွာရရှိစေရေး စုပေါင်းအင်အားနဲ့ စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်နေရတဲ့ အချိန်အခါဖြစ်တယ်လို့ ဖော်ပြပါတယ်။ NLD ဟာ ပါတီစတင်တည်ထောင်ချိန် ၁၉၈၈ မှစလို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထားရှိခဲ့တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ကြုံလာသမျှ အခက်အခဲ ဘေးအန္တရာယ်မှန်သမျှတို့ကို မတွန့်မဆုတ် ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

▪️စစ်အု​ပ်စုတပ်စွဲရာနေရာကို ရေစကြို PDFများ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိတယ်လို့ Myingyan Black Tiger (MBT)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ နေ့ခင်းက ရေစကြိုမြို့၊အမှတ် (၁)ရက်ကွက် ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Myingyan Black Tiger (MBT)နဲ့ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

▪️ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးထိခိုက်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ရဲနှစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ရှော့တိုက်ဒုံးနဲ့ လေးလုံးပစ်ခတ်ဖို့ရှိပေမယ့် အကြောင်းကြောင်းကြောင့် တစ်လုံးသာ ပစ်နိုင်ခဲ့ပြီး ရဲနှစ်ဦးအပြင် စစ်ကောင်စီထောက်တိုင် ရွာသားတစ်ဦးလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးများကိုလည်း ဆက်လက်တိုက်ခိုက်သွားဖို့ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့နီးစပ်သူထံမှ သိရပါတယ်။

▪️ငဖဲမှာ စစ်ကောင်စီအမြှောက်တပ်သားများ လိုက်ပါလာတဲ့ယာဥ်ကို မိုင်း​ဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ် (၉၀၅) အမြှောက်တပ်မှ တပ်သားလိုက်ပါလာတဲ့ ယာဥ်တစ်စီးကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Alliance(PRA-Magway) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက အမှတ်(၉၀၅)အမြှောက်တပ်မှ စစ်ကောင်စီတ​ပ်သားများလိုက်ပါလာတဲ့ မော်တော်ယာဥ်ကို ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနဲ့ မြေလတ်ကျေးရွာကြားမှာ ပဒေသာမိုင်းနဲ့ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပြီး နောက်ဆက်တွဲအခြေအနေ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ မိုင်းထိပြီးနောက် စစ်ကောင်စီတပ်ဟာ PRA မကွေးနဲ့ မသက်ဆိုင်တဲ့ လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

ငဖဲတွင် စစ်ကောင်စီအမြှောက်တပ်သားများလိုက်ပါလာသည့်ယာဥ်ကို မိုင်း​ဆွဲတိုက်ခိုက်
ငဖဲတွင် စစ်ကောင်စီအမြှောက်တပ်သားများလိုက်ပါလာသည့်ယာဥ်ကို မိုင်း​ဆွဲတိုက်ခိုက်

▪️စစ်အုပ်စုနဲ့ပျူစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုနဲ့ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ ဒီဇင်ဘာ ၃၁ ရက် နေ့ခင်းက ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်ချိန် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး PDFရဲဘော်များဘက်က ပစ်အားအသာစီးရခဲ့ပေမယ့် ရေပြာရဲစခန်းမှ တပ်ကူများ တက်လာတာကြောင့် ပြန်ဆုတ်ခဲ့တယ်လို့ ကိုလယျာ်က ပြောပါတယ်။

▪️စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် တောင်သူများကိုပါ လိုက်လံပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို ဆက်လက်မီးရှို့ဖျက်ဆီးနေပြီး စပါးရိတ်နေတဲ့ တောင်သူများကိုပါ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ခင်ဦးမြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ အလယ်ရှိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ မနေ့ ညနေပိုင်းက ကျေးရွာနေအိမ်များကို မီးတင်ရှို့ခဲ့ရာ ဒီနေ့ မနက်ပိုင်းအထိ မီးခိုးများထွက်ပေါ်နေဆဲဖြစ်တယ်လို့ ခင်ဦးနယ်အခြေစိုက် Narapati Local Guerrilla Force အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ စစ်သားနဲ့ ပျူ၂၀ခန့်ဟာ အင်းပတ်ဘူတာအနီးရှိ စပါးရိတ်တောင်သူတွေကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မြကန်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook

You May Also Like