Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူနှင့်စစ်အာဏာရှင်အကြားဖြစ်သည့် စစ်ပွဲဖြစ်၍ အောင်ပွဲသည်လက်တကမ်းတွင်ရှိဟု CNF ဥက္ကဋ္ဌပြော

ချင်းပြည်ကာကွယ်ရန်အတွက် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည့်အလျောက် မိမိတို့ ပခုံးပေါ် ကျရောက်လာသည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

(CNFဥက္ကဋ္ဌ(လယ်)အား တွေ့ရစဉ်)
(CNFဥက္ကဋ္ဌ(လယ်)အား တွေ့ရစဉ်)

▪️အားသွန်ခွန်စိုက် အတူတိုက်ပွဲဝင်ရန်နှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ရှောင် ရှားရန် တိုက်တွန်း

လက်ရှိဆင်နွှဲနေသည့် စစ်ပွဲသည် အကြမ်းဖက် စစ်တပ်ကို ခုခံတွန်းလှန်သည့် စစ်ပွဲ၊ အမျိုးသားလွတ်မြောက်ရေး စစ်ပွဲဖြစ်သကဲ့သို့ အာဏာရှင် များနှင့် ပြည်သူလူထုအကြား ဖြစ်ပွားသည့် စစ်ပွဲ၊ တရားမှုနှင့်မတရားမှု အကြားဖြစ်ပွားသည့် စစ်ပွဲ၊ ဓမ္မနှင့် အဓမ္မ အကြား ဖြစ်ပွားသည့် စစ်ပွဲဖြစ်သည့်အတွက် အောင်ပွဲသည် လက်တစ်ကမ်းတွင်ရှိနေပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောကြားသည်။

CNFဥက္ကဋ္ဌ ပူးဇင်ကျုံးက နှစ်သစ်ကူးသဝဏ်လွှာပေးပို့ခဲ့ရာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးသည် တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့များ ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေသူများ နိုင်ငံတကာ အသိုက်အဝန်းအားလုံးနှင့်အတူ လက်ချင်းယှက်လျက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌက ကတိပြုသည်။

ချင်းပြည်ကာကွယ်ရန်အတွက် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည့်အလျောက် မိမိတို့ ပခုံးပေါ် ကျရောက်လာသည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

၂၀၂၃တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုတခုမှာ အကြမ်းဖက်စစ်တပ်က ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲဖြစ်ကြောင်း CNFဥက္ကဋ္ဌက ပြောသည်။

ယင်းရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေး ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်းများကို လျော့ချနိုင်ရေး အတွက် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ပြည်သူလူထု တစ်ရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ပူးဇင်ကျုံးက တိုက်တွန်းသည်။

နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်အာဏာရှင်စနစ် အခြေခိုင်တည်မြဲရေး အတွက် ဖြစ်သည်ဆိုသည်ကို သတိပြုလျက် ရွေးကောက်ပွဲကို ရှောင်ရှားကြရမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CNFသည် ချင်းပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ ဒေသတွင်း ချင်းကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

Facebook

You May Also Like

သတင်း

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

သတင်း

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးအချိန်ကာလ နုတ်ခွန်းဆက်မိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

သတင်း

KNPP ဥက္ကဋ္ဌ ခူဦးရယ်၏ ၂၀၂၃ နှုတ်ခွန်းဆက် သ၀ဏ်လွှာ၌ အထပ်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။