Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး

ယမန်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်မှာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

(ယမန်နေ့ညပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(ယမန်နေ့ညပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဒေသခံ အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(ဇန်နဝါရီ ၉ ရက်) အသိပေးထုတ်ပြန်သည်။

ယမန်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်မှာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

“မိုးဗြဲအခြေစိုက် (၄၂၂)တပ်က ပစ်တာလို့ ပြောလို့ရတယ်။တစ်ဖက်သတ်လူနေ ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လာတာကတော့ တိုက်ပွဲမဖြစ်ဖြစ်အောင် ဖန်တီးနေတာ”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ယခုရက်သတ္တပတ်မှစ၍ မိုးဗြဲမြို့‌ပေါ်သို့ အကြမ်းဖက်စစစ်ကောင်စီက လက်နက်ကြီးရမ်း သမ်းပစ်ခတ်မှု အကြိမ်အရေအတွက်ပိုများလာကြောင်းလည်း အသိပေးသည်။

ထို့ကြောင့် မိုးဗြဲနယ်ပြည်သူများအနေဖြင့် မိုးဗြဲမြို့သည် လုံးဝအေးချမ်းသည်မဟုတ်ကြောင်းကို သိရှိရန်လိုအပ်ပြီး မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လုံခြုံရေးကို မပေါ့လျော့ရန်နှင့် သွားလာလှုပ်ရှားမှုကို အထူးဂရုပြုရန် MBPDFက တိုက်တွန်းသည်။

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်တော်လှန်သည့် ဒေသများအနက် ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီတပ်က ကလေးငယ် ၁၁ဦးအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်ကို စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ပကဖအဖွဲ့များ ပစ်သတ်ခဲ့သူမှာ ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး အရပ်ဝတ် ဝတ်ထားစဉ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံများကပြောသည်။

သတင်း

မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။