Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ကားတို​က်မိပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ နှစ်ဦးသေဟုဆို

မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ကားဖြင့်တို​က်မိပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ နှစ်ဦးသေဆုံးသွားကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယနေ့(ဇန်နဝါရီ ၉ရက်) နံနက်၃နာရီခွဲက မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့မှ မုံရွာမြို့ ဘက်သို့ထွက်ခွာလာသော စစ်ကားနှစ်စီးအနက် ပထမ ယာဥ်တစ်စီးအား မိုင်းဖြင့်တိုက်ခိုက်ချိန်တွင်နောက်ကားမှာ ပွိုင့်ပေါ်ရပ်နေ၍ အဆိုပါ ကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PAFD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင်းအထန် ထိခိုက်ဒဏ်ရာရသည့်အပြင် စစ်ကားတစ်စီး၏ ဆီတိုင်ဂီပေါက်ထွက်သွားခဲ့သ​ည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံကဆိုသည်။

အဆိုပါ နှစ်စီးအနက် တစ်စီးက မောင်းထွက်လာချိန် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များက ကားကိုတားရန်ကြိုးစားနေစဉ် တိုက်မိပြီး တစ်ဦးသေဆုံးသွားကြောင်း၊ ထို့နောက် ၎င်းတို့အချင်းချင်း အပြန်လှန်ပစ်ခတ်ရာ နောက်တစ်ဦးထပ်မံသေဆုံးသွားကြောင်း PAFD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ ဒီဘက်က မိုင်းဆွဲလိုက်တော့ ဒီပွိုင့်တွေ မကျော်နိုင်တဲ့အခါကျတော့ ဆီတိုင်ကီတွေလည်းပေါက်ထွက် စိတ်တိုနေတာနေမှာပေါ့။ ကားသမားက။ စိတ်တိုနေတဲ့အချိန် စကစတွေရှိတဲ့နား သွားတဲ့အချိန် ဟိုကားတာနဲ့ သူတိုလည်း တိုက်လိုက်တာလို့ထင်တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိုကားနှစ်စီးသည် ထိခိုက်ဒဏ်ရာရရှိသူများနှင့်သေဆုံးသူများကိုတင်ဆောင်၍ မြင်းမူမြို့သို့ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD) တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force(TTAPDF) D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ပကဖအဖွဲ့များ ပစ်သတ်ခဲ့သူမှာ ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး အရပ်ဝတ် ဝတ်ထားစဉ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံများကပြောသည်။

သတင်း

ယမန်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်မှာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။