Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီစစ်ကြောင်း နှစ်ခု မင်းတပ်နယ်အတွင်း စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှုရှိနိုင်ဟု CDF အသိပေး

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။

(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုဖြင့် စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှုရှိနိုင်ပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းတပ်အခြေစိုက် ခလရ (၂၇၄)တပ်နှင့်ပူးပေါင်း စစ်ကြောင်းအင်အား (၁၀၀)ခန့်သည် မင်းတပ်မြို့နယ် အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကျောများအတိုင်း စစ်ကြောင်းနှစ်ပိုင်းခွဲ၍ ဆက်လက်ထွက်ခွာသွားကြောင်း၊ အခြား စစ်ကောင်စီတပ် စစ်ကြောင်း တစ်ခုသည်လည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၁)ရှိ ဝီလူးရွာသစ်နှင့် ပိန်ရိန်းရွာကြားတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – CDF-Mindat)

ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းပတ်ဝန်းကျင်များတွင် သွားလာခြင်း၊တောင်ယာ လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ခေတ္တရပ်ဆိုင်းထားရန် CDFက အသိပေးထားသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် CDF-Mindat နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေနိုင်ပြီး တိုက်ပွဲများဆက်လက် ပိုမိုပြင်းထန်လာနိုင်ကြောင်း ဖော်ပြထားသည်။

(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ်CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – CDF-Mindat)

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းကင်းထောက်မှု၊ တိုက်လေယာဉ် ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး မြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း မင်းတပ်CDFက ဆိုသည်။

ထို့ပြင် ပြည်သူများရှိရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းစသည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်သည်။

You May Also Like

သတင်း

ယမန်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်မှာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

သတင်း

မြို့နယ်အချို့တွင်လည်း ယခုလ ၉ ရက်မှစ၍ သန်းခေါင် စာရင်းကောက်ခံမည့်အကြောင်း လိုက်လံကြေညာနေကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူနေသည့် မြို့နယ်များတွင် စစ်ကောင်စီက ယာဥ်တန်းများနှင့်ကင်းပုန်းဝပ် စစ်ဆေးမှုများလည်းရှိနေသည်။

သတင်း

ယနေ့ (ဒီဇင်ဘာ၈ ရက်)တွင်လည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်း PDF များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

သတင်း

စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ စခန်းကိုသွားတိုက်တာလို့ဆိုထားပြီး တိုက်ပွဲမှာ PDF ခေါင်းဆောင်ကို အသေမိတယ်လို့ သတင်းထုတ်ထားပါတယ်။