Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့နယ်တွင်ပျူ​ခေါင်း​ဆောင်နှစ်ဦးရှင်းလင်းခံရပြီး​နောက်ပျူများကမြို့​ပေါ်မှNLDပါတီဝင်အချို့ကိုဖမ်းဆီးသတ်ဖြတ်

ပျူ​ခေါင်း​ဆောင်နှစ်ဦး ရှင်းလင်းခံရပြီး​နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်​နေ​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(စစ်ကိုင်းတိုင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်သားများက ပျူ​စောထီးများကို စစ်သင်တန်း​​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်သားများက ပျူ​စောထီးများကို စစ်သင်တန်း​​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

တမူးမြို့နယ်တွင် ပျူစောထီးနှစ်ဦးအသတ်ခံရပြီးနောက် စစ်​ကောင်စီလက်​အောက်ခံပျူစောထီးအဖွဲ့က အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်​ဒေသခံအချို့ကိုလိုက်လံ ဖမ်းဆီးသတ်ဖြတ်နေ​ကြောင်း​​ဒေသခံများက​ပြောသည်။

တမူးမြို့နယ်ဘ၊ခမ်းပတ်ဒေသ ၊မလူရွာတွင်သေနတ်ကိုင်ပြီး လမ်းမပေါ် ဆတ်ကြေးကောက်နေသည့် ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို ခဇန်နဝါရီ ၉ရက်ညနေကအမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် ဝင်းအောင်နှင့်ချစ်ဝင်း သေဆုံးခဲ့သည်။ပျူစောထီးခေါင်းဆောင်နှစ်ဦးအား မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ရှင်းလင်းသည်ကိုမသိရသေးပေ။

ပျူ​ခေါင်း​ဆောင်နှစ်ဦး ရှင်းလင်းခံရပြီး​နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်​နေ​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” NLD ပါတီအမာခံ ကိုတင့်နဲ့ ဦးထွန်းမြင့်သန်းတို့သားအဖကို ဖမ်းပြီး သတ်ပစ်တယ်။ ကိုတင့်အပါအဝင် နှစ်ယောက်သေဆုံးတယ်။ ဦးထွန်းမြင့်သန်းသတင်းဒီမနက်အထိမကြားရသေးဘူးဖြစ်နေတယ်” ဟု သေဆုံးသူ ကိုတင့်၏ မိတ်ဆွေတစ်ဦးကယနေ့နံနက်တွင် People’s Springသို့ပြောသည်။

ရင်းနှီးသူများက ကိုတင့်ဟုခေါ်သည့် မလူရွာဒေသခံ ဦးတင့်သည် အသက် ၆၀ ခန့်ရှိပြီး အေးအေးဆေးဆေးနေတတ်သူဖြစ်​ကြောင်းမိတ်ဆွေများကပြောသည်။ပျူ​စောထီးအဖွဲ့က တမင်ရန်ရှာကာ သတ်ဖြတ်​​ခြင်းဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကိုတင့်သားတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေတာ။ အခုက ကိုတင့်ကို တမင်ရက်ရက်စက်စက်သတ်ပစ်တာ။ပျူတွေ တော်တော်ကို ဆိုးနေတယ်။ ဒေသခံ NLD ပါတီဝင်တွေလည်း မနေရဲကြလို့ တိမ်းရှောင်နေကြရတယ်” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

တမူးမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားကောင်းသော်လည်း တမူးမြို့​ပေါ်တွင်စစ်ကောင်စီနှင့်ပျူစောထီးများကစိုးမိုးထားဆဲဖြစ်သည်။ ပျူ​ အဖွဲ့ဝင်အများစုသည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ပြီးစစ်​ကောင်စီတပ်က ပျူများကို လက်နက်​ပေးပြီးအကာအကွယ်​ပေးထား​ကြောင်း​ဒေသခံများက​ပြောသည်။

၂၀၂၂ ဇူလိုင်လ ၅ ရက်ကလည်းအိန္ဒိယနိုင်ငံ မိုးရေးမြို့သား ၂ ဦးဖြစ်သည့် Mohan (၂၈ နှစ်) နှင့် M Iyarnar (၃၅ နှစ်)တို့နှစ်ဦးသည်တမူးမြို့ပေါ်ရှိ ၎င်းတို့သူငယ်ချင်း မွေးနေ့သို့ လာရောက်စဉ် တမူးမြို့လယ်ခေါင် စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်းအနီး ပျူစောထီးအဖွဲ့က ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်၍သတ်ဖြတ်ခဲ့သည်။

You May Also Like

သတင်း

ဦးထွန်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဦးထွန်းထွန်းကို မဖမ်းမိ၍ ၎င်း၏ ဇနီးဖြစ်သူကို ဓားစာခံအဖြစ် ၂၀၂၁ ဧပြီ၃၀ ရက်ကတည်းက ဓါးစာခံအဖြစ်ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။

သတင်း

ယနေ့နံနက် ၇နာရီခွဲခန့်က တောကျွဲအင်း (အောင်မြင်) နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ မင်းအောင်အား ကျောက်တံခါးမြို့နယ်(ပကဖ)၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

သတင်း

နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင်နှင့်ဇနီးဖြစ်သူကို ပျူစောထီးအဖွဲ့က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)ညနေ ၆နာရီခွဲတွင် လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။