Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CNAဌာနချုပ်ကို စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ်တစ်စီး။ဓါတ်ပုံ-စစ်​တပ်)
(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ်တစ်စီး။ဓါတ်ပုံ-စစ်​တပ်)

▪︎ကနဦးရရှိ​သောသတင်းအရအိန္ဒိယနိုင်ငံဘက်ခြမ်းသို့ဗုံးတစ်လုံးကျ

အိန္ဒိယ-မြန်မာနယ်စပ်ရှိCNA(ချင်းအမျိုးသားတပ်ဦး)ဌာနချုပ်ကို ညနေ ၄နာရီခွဲခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်လေးစီးဖြင့်လာ​ရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။

ည​နေ ၅ နာရီခွဲတွင် ကနဦး ရရှိ​သောအချက်အလက်များအရည​နေ ၅နာရီခွဲအထိ စစ်ကောင်စီတပ်ကည​နေ ၅ နာရီခွဲအထိ့လာ​ရောက် ဗုံးကျဲတိုက်ခိုက်နေပြီးအိန္ဒိယနိုင်ငံဘက်သို့ဗုံးတစ်လုံးကျ​ရောက်ကာCNAဌာနချုပ်ထဲသို့အနည်းဆုံးဗုံး ၃လုံးကျရောက်ပြီး အ​ဆောက်အအုံထိခိုက်ပျက်စီးမှုများရှိသည်ဟု ​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

သတင်း

"(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်"ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

သတင်း

"မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ"ဟုက​လေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။