Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးမြို့နယ်တွင် ရိက္ခာတင်ကားလာယူသည့် စစ်ကောင်စီတပ်ကို KNU ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်တပ်ဒုရင်းမှူးသေဟုဆို

“(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်”ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကျောက်ကြီး
ကျောက်ကြီး

ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာရဲဘော်လည်း ကျဆုံးခဲ့ရ

ကျောက်ကြီးမြို့နယ် နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းတွင် ထားခဲ့ရသော ရိက္ခာတင်ယာဥ် ပြန်လာယူသည့် စစ်ကောင်စီတပ်အား KNU/KNLA ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးသွားကြောင်း ပဲခူးတိုင်း PDF တပ်ရင်း (၃၇၀၂)က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၉) နံနက်ပိုင်းက နတ်သံကွင်းနှင့် ကျောက်ကြီးမြို့နယ်ကြား နောင်ကုန်းကျေးရွာအနီးတွင် မယူနိုင်၍ ထားခဲ့ရသော ရိက္ခာတင်ယာဥ်အား ပြန်လာယူသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် တပ် ရင်း(၃၇၀၂)မှ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

(ရန်ကင်းပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ စောလဲဘွယ်ထူး)
(ရန်ကင်းပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ စောလဲဘွယ်ထူး)

ကျဆုံးရဲဘော်မှာ ရန်ကင်းပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ စောလဲဘွယ်ထူးဖြစ်ပြီး ၎င်းရဲဘော်အတွက် သွေးကြွေးပြန်ယူသည့်အနေဖြင့် ယင်းနေ့(ဇန်နဝါရီ ၉)ညပိုင်းတွင် စစ်တောင်းတံတားရှိ စစ်ကောင်စီတပ်ဂိတ်ကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တပ်ရင်း (၃၇၀၂)က ပြောသည်။

Public Service Announcement
Public Service Announcement

“(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်”ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ဇန်နဝါရီ ၇ရက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းမိခြင်းအပြင် ဇန်နဝါရီ ၈ရက်ကလည်း KNU/KNLA ၊ PDF ပူးပေါင်းတပ်များ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၄ဦးခန့် သေဆုံးခဲ့သည်။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

သတင်း

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ"ဟုက​လေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။

သတင်း

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။