Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတပ် CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအ​ဆောက်အအုံထိခိုက်ပျက်စီးများ၊ ထိခိုက်ကျဆုံးမှုရှိ

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ချင်းတပ် CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအ​ဆောက်အအုံထိခိုက်ပျက်စီးများ၊ ထိခိုက်ကျဆုံးမှုရှိ
ချင်းတပ် CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအ​ဆောက်အအုံထိခိုက်ပျက်စီးများ၊ ထိခိုက်ကျဆုံးမှုရှိ

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ အ​​ဆောက်အအုံထိခိုက်ပျက်စီးများပြီး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်းချင်းတပ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

CNF/CNAဌာနချုပ်ဖြစ်သကဲ့သို့ ချင်းတပ်ပေါင်းစု ချင်းပြည်ကာကွယ်ရေးကော်မတီ(CJDC) ဌာနချုပ်တည်ရှိရာ ထန်တလန်မြို့နယ် ဗစ်တိုးရီးယားစခန်း သို့ စစ်ကောင်စီတပ်က ယနေ့ဇန်နဝါရီ ၁၀ရက်ညနေပိုင်း၌ လေကြောင်းမှတိုက်​လေယာဥ် ၅ စီးဖြင့်လာ​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထိခိုက်ပျက်စီးတာများတယ်။ကျဆုံးတွေလဲရှိတယ်။ထိခိုက်ကျဆုံးကိုတော့မစုစည်းရသေးဘူး။ဌာနချုပ်ကကျယ်တော့ စုစည်းပြီးမှပဲသတင်းထုတ်ပြန်ရမယ်ထင်တယ်” ဟုချင်းတပ်ဖွဲ့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

​ဒေသတွင်းသတင်းဌာနဖြစ်​သောThe Chin JournalကCNF/CNA တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ​ကြောင်း​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

​လေ​​ကြောင်းမှသွား​ရောက်တိုက်ခိုက်​သော​လေယာဥ်များမှာတံတားဦး​လေတပ်မှ တိုက်​လေယာဥ် ၅ စီးဖြစ်သည်။တံတားဦး​လေတပ်မှYAL-130 တိုက်​လေယာဥ် ၅ စီးသည် ယ​နေ့ည​နေ ၃နာရီ ၃၆ မိနစ်တွင် တစ်စီး ၊ ၃ နာရီ ၅၆ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၁ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၃ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၁၁ မိနစ်တွင်တစ်စီး တံတားဦး​လေတပ်မှ အ​ရှေ့​မြောက်အရပ်သို့ အ​ယောင်ပြ ပျံသန်းပြီးမှ ချင်းပြည်နယ်ကိုသွား​ရောက်ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

ယခု လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်နေဆဲဖြစ်သည်။

CNF/CNA သည်ချင်းပြည်ဒေသအသီးသီးရှိချင်းကာကွယ်ရေးတပ်(CDF) များနှင့်လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ချင်းပြည်ကာကွယ်ရန်အတွက် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည့်အလျောက် မိမိတို့ ပခုံးပေါ် ကျရောက်လာသည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။