Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကိုလေပိုင်နက် အသုံးပြုခွင့် မပေးဖို့ အိန္ဒိယ အစိုးရကို လူ့အခွင့်အရေး အဖွဲ့ တောင်းဆို

စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ မကြာသေးခင် လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုလည်း ကျူးကျော်ခဲ့သေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

CNF/CNF ဌာနချုပ်အားစစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်မှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မှတ်တမ်းတင်ထားမှူ ။ဓါတ်ပုံ-CJ
CNF/CNF ဌာနချုပ်အားစစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်မှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မှတ်တမ်းတင်ထားမှူ ။ဓါတ်ပုံ-CJ

အာဏာသိမ်း စစ်ကောင်စီတက်ရဲ့ စစ်လေယာဉ်တွေကိုလေပိုင်နက်အသုံးပြုခွင့်ပေးနေတာကိုအိန္ဒိယအစိုးရကရပ်ဆိုင်းသင့်ကြောင်းနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုကထောက်ပြတောင်းဆိုလိုက်ပါတယ်။

Fortify Rights အဖွဲ့ကစစ်ကောင်စီရဲ့လေတပ်ဟာမြန်မာနဲ့ အိန္ဒိယ နယ်စပ်မှာနှစ်နိုင်ငံလုံးရဲ့ လေပိုင်နက်ထဲကနေဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။ ဇန်နဝါရီ၁၀ရက်ကချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မ​တော်(CNF/CNA)ကိုလေကြောင်းက ဗုံးကြဲ တိုက်ခိုက်ဖို့အတွက်အိန္ဒိယက သူတို့ရဲ့ လေပိုင်နက်မှာ စစ်ကောင်စီ လေယာဉ်တွေကို ပျံသန်းခွင့် ပေးခဲ့တာလို့ Fortify Rightsက ဆိုပါတယ်။

စစ်​ကောင်စီက CNF/CNA ဌာနချုပ်အား​လေ​ကြောင်းတိုက်ခိုက်မှုတည်​နေရာပြပုံ
စစ်​ကောင်စီက CNF/CNA ဌာနချုပ်အား​လေ​ကြောင်းတိုက်ခိုက်မှုတည်​နေရာပြပုံ

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တုန်းက စစ်ကောင်စီဟာ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ဌာနချုပ်ဖြစ်တဲ့ Camp Victoriaကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ အမျိုးသမီးတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် CNF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီ လေတပ် ကြဲချခဲ့တဲ့ ဗုံးတွေထဲက ၂ လုံးဟာ အိန္ဒိယပိုင် မီဇိုရမ် ပြည်နယ်ထဲက ဖာကာဝါ ရွာနားမှာ ကျရောက် ပေါက်ကွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ အိန္ဒိယဖက်ခြမ်းမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အိန္ဒိယအစိုးရအနေနဲ့အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေက လေပိုင်နက် ကျူးကျော် အသုံးချနေတာကို သည်းခံမနေသင့်ကြောင်း၊အိန္ဒိယအာဏာပိုင်တွေအနေနဲ့အရပ်သားပြည်သူတွေနဲ့ နယ်စပ်ဒေသ လုံခြုံရေးအတွက် အမြန်ဆုံး ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း Fortify Rightsရဲ့ အမှုဆောင်အရာရှိချုပ်မက်သရူးစမစ်သ်ကတိုက်တွန်းပါတယ်။

စစ်ကောင်စီကအိန္ဒိယလေတပ်ကို ပိုင်စိုးပိုင်နင်း အသုံးချပြီး နယ်မြေမတည်ငြိမ်အောင်လုပ်နေတာကိုအိန္ဒိယအစိုးရအနေနဲ့ ခွင့်မပြုသင့်သလိုစစ်ကောင်စီကျူးလွန်နေတဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေ ပေါ်ပေါက်လာအောင်ကူညီပံ့ပိုးပေးသင့်တယ်လို့လည်းသူကဆိုပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ မကြာသေးခင် လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုလည်း ကျူးကျော်ခဲ့သေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Camp Victoriaကို လေကြောင်းက တိုက်ခိုက်ရာမှာစစ်ကောင်စီ လေတပ်ဟာ ဗုံး ၇ လုံး ကြဲချခဲ့တယ်လို့ CNFရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆလိုင်းထက်နီက ပြောပါတယ်။ ဗုံးကြဲမှုကြောင့်နေအိမ်တချို့ပျက်စီးခဲ့ပြီးဗုံးတစ်လုံးအိန္ဒိယပိုင်နက်ဖက်ကျသွားတာတွေ့ခဲ့တယ်လို့လည်းသူကဆိုပါတယ်။

အိန္ဒိယ ရဲတပ်ဖွဲ့ကတော့ နိုင်ငံပိုင်နက်ထဲ လမ်းကြောင်းလွဲပြီး ကျရောက်လာတဲ့ ဗုံးတွေဟာ မြစ်တစ်ခုထဲမှာ ပေါက်ကွဲခဲ့တယ်လို့ ပြောခဲ့ကြောင်း French သတင်းဌာနက ဖော်ပြပါတယ်။ CNFဟာ ၂၀၁၅ တုန်းက မြန်မာစစ်တပ်နဲ့အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ပေမယ့် ၂၀၂၁နှစ်ဆန်းပိုင်းမှာစစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့နောက် လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာပူးပေါင်းပါဝင်ဖို့စိတ်ပိုင်းဖြတ်ခဲ့တာဖြစ်ပါတယ်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် MNDAA ဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ယမန်နေ့တိုက်ပွဲ၌ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

သတင်း

ဇန်နဝါရီ ၁၃ရက် ညပိုင်းက ဆိပ်ဖြူနှင့် ပွင့်ဖြူလမ်းမပေါ်၊ အောက်ဆိပ်ကျေးရွာ၌ ဖွင့်လှစ်ထားသော ဆုံဆည်းရာ KTVဆိုင်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"အခု လူဦးရေစားရင်းအကြောင်းပြ အိမ်တိုင်းဝင် ရှာ၊ လူငယ်တွေ့တာနဲ့ရစ်နေပုံနဲ့ဆို ထိပ်တိုက်တွေ့ကြတော့မယ့်အနေအထားပါ"ဟု YPDFမှ တော်လှန်ရေးရဲဘော်က သုံးသပ်သည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) ညပိုင်းက စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ညအိပ်တပ်စွဲခဲ့သည်။