Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ (၈)လအရွယ် ကလေးငယ်တစ်ဦး သေဆုံး

“ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်”ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

(သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်၍ (၈)လအရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ရွာသာယာကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက် ၁၁နာရီခန့်က စစ်ကောင်စီတပ်ပစ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။

“ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်”ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသည့် ကလေးငယ်သည် (၈)လအရွယ်ယောင်္ကျားလေးဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းဟု မြို့ခံများက ပြောသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

နိုင်ငံတကာ

ပစ်ခတ်မှု ဖြစ်ပွားရာ နေရာတစ်ခုဖြစ်တဲ့ အယ်လ်ဘူကာကာ မြို့ရဲ့ မြို့တော်ဝန် တင်မ်ကယ်လာက အခုကိစ္စဟာ နိုင်ငံရေး အစွန်းရောက်မှုတွေရဲ့ အကျိုးဆက် တစ်ခုလို့ ဝေဖန်ခဲ့ပြီး ဒီလို ကိစ္စမျိုးတွေကို ပြတ်ပြတ်သားသား တွန်းလှန်ဖို့ အရေးကြီးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သတင်း

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

သတင်း

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။