Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းတစ်လျှာက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့၌ တွေ့ရစဉ်၊ ဓာတ်ပုံ - ရိုက်တာ
၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့၌ တွေ့ရစဉ်၊ ဓာတ်ပုံ - ရိုက်တာ

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းတလျှာက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ၎င်းတို့အထိုင်ချနေရာသို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကျောက်မြောင်းမြို့ ခမရ (၁၂) မှ စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၂ ရက်မှစ၍ ရွှေဘိုမြို့နယ် တည်ပင်ကျေးရွာ၊ မောင်းတက်ကျေးရွာ၊ အုံးပေါက်ကျေးရွာ၊ တအုံကျေးရွာနှင့် တရော်တောကျေးရွာများကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၁၃ ရက်တွင် ရွှေဘိုမြို့နယ်ဲ အုံးပေါက်ကျေးရွာသို့ အင်အား ၄၀ ဦးခန့်ဖြင့် ရောက်ရှိနေသောကြောင့် တာဝေးပစ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း နေလစင်္ကြာ Shwebo PDF အဖွဲ့နှင့် Who Am I အဖွဲ့ပြန်ကြားရေးတာဝန်ခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ကြောင်းရောက်လာပြီး သူတို့နေရာယူထားတဲ့နေရာတွေသွားပစ်တာပါ။သူတို့ဘက်ကလည်း RPGနဲ့ပြန်ပစ်ပါတယ်။”ဟု နေလစင်္ကြာ Shwebo PDF အဖွဲ့တာဝန်ခံက ပြောသည်။

ထိုနေ့ည ၇နာရီခန့်တွင်လည်း တာဝေးပစ်များဖြင့် ထပ်မံသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ကျောက်မြောင်း ခမရ (၁၂) သို့ သုံးဘီးဖြင့်သယ်သွားခဲ့ကြောင်း Who am I အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

“အုန်းပေါက်ရွာက ရွှေဘို – ကျောက်မြောင်းလမ်းပေါ်မှာရှိတာ။ အရင်ကတပ်မစွဲဖူးသေးဘူး။”ဟု Who am I အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို နေလစင်္ကြာ Shwebo PDF ၊Who am I Army၊Mother Love၊Ghost Rider Special Task Force(Burma)၊ဒေါင်းနီတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးလျှင် အသုံးမပြုကြရန် PDFများက မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ကနီမြို့နယ်ရှိ ​ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျောက်လုံးကြီးKLG တပ်မဟာက သွားရောက် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

သတင်း

"ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်"ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

သတင်း

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။