Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ဦးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် ၄ ဦး ဖမ်းခံရ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ညောင်ဦးမြို့နယ် NLD ပါတီခရိုင်ဥက္ကဋ္ဌ အပါအဝင်ပါတီဝန်းရံသူ ၆ ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်
ဓာတ်ပုံ − လူမှုကွန်ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက NLD ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ သားဖြစ်သူအပါအဝင် အမျိုးသား ၄ဦးကို ပြီးခဲ့တဲ့ တနင်္လာနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ NLD အသိုင်းအဝိုင်းကနေသိရပါတယ်။

ဖမ်းခံရတဲ့ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရသူ ဦးဝင်းမြင့်ခိုင်ဖြစ်ပြီး သူနဲ့အတူ သားဖြစ်သူ ၊တူတော်စပ်သူနဲ့ မိတ်ဆွေ တို့ ဟာ ညပိုင်း ၁၀ နာရီမထိုးခင် နေအိမ်မှာ ဖမ်းခံလိုက်ရတာပါ။

လတ်တလောမှာစစ်ကြောရေးရောက်နေတယ်လို့သိရပါတယ်။

ညောင်ဦးမြို့နယ်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း NLD ပါတီဝင်တွေ ဖမ်းဆီးခံရ ၊သတ်ဖြတ်ခံရတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ညောင်ဦးမြို့နယ် NLD ပါတီခရိုင်ဥက္ကဋ္ဌ အပါအဝင်ပါတီဝန်းရံသူ ၆ ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

You May Also Like

နိုင်ငံတကာ

ပစ်ခတ်မှု ဖြစ်ပွားရာ နေရာတစ်ခုဖြစ်တဲ့ အယ်လ်ဘူကာကာ မြို့ရဲ့ မြို့တော်ဝန် တင်မ်ကယ်လာက အခုကိစ္စဟာ နိုင်ငံရေး အစွန်းရောက်မှုတွေရဲ့ အကျိုးဆက် တစ်ခုလို့ ဝေဖန်ခဲ့ပြီး ဒီလို ကိစ္စမျိုးတွေကို ပြတ်ပြတ်သားသား တွန်းလှန်ဖို့ အရေးကြီးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သတင်း

ကန့်ဘလူမြို့နယ် ငါးမြောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးနေအိမ် ပိုင်ရှင်ဦးကျော်လှိုင်၏ နေအိမ်ကို ပျူစောထီးများက ယနေ့( ဇန်နဝါရီ ၁၄ရက်)နံနက် ၂နာရီခန့်တွင် ဝင်ရောက်လာပြီး သတ်ဖြတ်သွား​ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

“ဆိုင်တွေကို သော့ခတ်ပြီး ဆိုင်ရှင်တွေကို ဟားခါးရဲစခန်းမှာ ဖမ်းထားတယ်။ အားလုံး ၁၁ယောက်လို့ သိရတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

သတင်း

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်