Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်ရှိ ကော်မရှင်ရုံးကို မိုင်းခွဲသတိပေး

ဇန်နဝါရီ ၁၇ရက် ညနေပိုင်း၌ အင်းတော်မြို့ ရွေးကောက်ပွဲကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - IR)
(အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - IR)

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းပစ်၍ ကလေးငယ်အပါအဝင် နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို သတိပေးသည့်အနေဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ် (PDF)မှ ရဲဘော်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၇ရက် ညနေပိုင်း၌ အင်းတော်မြို့ ရွေးကောက်ပွဲကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” မဲကော်မရှင်ရုံးကို မိုင်းခွဲပြီး သတိပေးခဲ့တယ်။ အထိအခိုက်တော့မရှိဘူး။ သတိပေးတဲ့အနေနဲ့ ဆိုတော့။ ခွေးတွေ (စစ်ကောင်စီတပ်သားတွေ) ရမ်းပစ်တာတော့ သူတို့ရမ်းပစ်တဲ့ လက်နက်ကြီးက မြို့ထဲကိုကျတာ။ လူသွားလူလာများတဲ့နေရာကျတော့ သုံးနှစ်အရွယ် ကလေးတစ်ယောက်နည်း နည်းထိတယ်။ နောက် အသက် ၃၀ဝန်းကျင် အမျိုးသားတစ်ယောက်ထိတယ်။ အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူး”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ကော်မရှင်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ အင်းတော်သင်္ချိုင်းကုန်း ဘက်သို့ ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အင်းတော်မြို့စျေး အရှေ့ပေါက်သို့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လူဦးရေစာရင်း ကောက်ယူမှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီ၏ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်ဟု သက်ဆိုင်ရာဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မကွေးတိုင်း မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြောကြား​ခြင်းဖြစ်သည်။

သတင်း

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင်ပါဝင်နေကြသူများအား ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မှတ်တမ်းရယူ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။

သတင်း

မတူပီ CDFအနေဖြင့် စစ်ကောင်စီ ပြုလုပ်မည့် ဟန်ပြရွေးကောက်ပွဲအား လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားပြီး ပြည်သူများအနေဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်စေသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ကြရန် သတိပေးခဲ့သည်။