Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကွန်းတွင် ထီးတင်ပွဲကင်းလာစောင့်သည့်စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်

“စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။”ဟု Wetlet Information Network အဖွဲ့က ပြောသည်။

(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)
(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်တွင် ဘုရားထီးတင်ရန် ကင်းလာစောင့်သည့် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်) နံနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ဘေး ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၅လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ တစ်ဦးလည်း ခြေလက်များဖြတ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)
(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Wetlet Information Network)

ထို့အပြင် ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် ၂ ဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။”ဟု Wetlet Information Network အဖွဲ့က ပြောသည်။

(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Wetlet Information Network)
(ထုံးဘိုရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Wetlet Information Network)

“ထုံးဘိုတင်မကဘူး။ အဲဒီဘက်မြစ်ကမ်းတလျှောက် ရွာတွေပြေးနေရပြီ။”ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ကပင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာတစ်ရွာဖြစ်သည့် ဂျပန်ကျွန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်ငါးဆယ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ထိမှန်ကာ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးသွားကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။

သတင်း

မီတာခမဆောင်ရင် မီးဖြတ်တဲ့အပြင် တရားစွဲတာကိုလည်း ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ခံထားရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ရက်မှစ၍ ကျေးရွာအတွင်းတပ်စွဲပြီး နေအိမ်များကို မွှေနှောက်ဖောက်ထွင်းခြင်း၊ နေအိမ်များကို မီးရှို့ခြင်း ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၆ရက်တွင် နေအိမ် ၅လုံးထက်မနည်း မီးရှို့ခံရသည်ဟုဆိုသည်။

သတင်း

မကွေးတိုင်း မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြောကြား​ခြင်းဖြစ်သည်။