Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံ ၂,၅၀၀ကျော် ထွက်ပြေးတိမ်းရှောင်ရ

ဇန်နဝါရီ ၃ရက်မှ ဇန်နဝါရီ ၁၇ရက်အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၃၁လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၃ရက်မှ ဇန်နဝါရီ ၁၇ရက်အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၃၁လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ခလယ်တူရယ်၊ ဃဲဒဲကျေးရွာ ၊ ပကော်ခီး၊ ကျို့ကုန်း၊ သရေးစီလော်၊ မတောကူး၊ သေဂေါ်ဒဲ ကျေးရွာနှင့် ရွှေပေါက်ကံ စသည့် ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆို ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ – KNU)

ထိုသို့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူလူထု၏ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ – KNU)

ထို့ပြင် ဒေသတွင်းရှိ ကျေးရွာများမှ ပြည်သူလူထု ၂,၅၆၆ ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်သည်။

လက်နက်ကြီးပစ်ခတ်ခဲ့သည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှာ KNU ညောင်လေး ပင်ခရိုင်၌ တပ်စွဲထားသည့် ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁နှင့် ခမရ-၄၃၉ တို့ဖြစ်သည်ဟု ဆိုသည်။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်အုပ်စု ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင် ( ၃၅)ကသတင်းထုတ်ပြန်သည်။

သတင်း

စစ်အုပ်စုအာဏာသိမ်းမှု​ကြောင့် ပြည်ပရင်းနှီးမှုများစွာထွက်ခွာသွားသလို ၊ကုန်သွယ်​ရေးလည်းကျဆင်း​နေပြီး စီးပွား​ရေးကျဆင်းမှုဆိုးရွာကာ မတည်ငြိမ်မှုများ​ကြောင့် ၂၀၂၂-၂၀၂၃ တွင်မြန်မာ့စီးပွား​ရေးအ​​ခြေအ​နေကို ကမ္ဘာဘဏ်ကပင် မခန့်မှန်းတက်​ဟုထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီက ရှပ်ပုံစံပြကျေးရွာအား ယနေ့ (ဇန်နဝါရီ ၁၉ ရက်)နံနက် ၉နာရီခန့်မှစတင်၍ မီးရှို့ဖျက်ဆီးနေဖြစ်သည်။

သတင်း

မိုင်းပွိုင့် သုံးခုအနက် ပွိုင့်(၂)နှင့် ပွိုင့်(၃) စတင်ဖောက်ခွဲတိုက်ခိုက်ရာ မိုင်းကွင်းအတွင်း ရောက်နေသောစစ်ကားနှစ်စီးမှာ လမ်းအောက်သို့လွင့်စင်ကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောစကားကို ကိုးကား၍ မြစ်ငယ်PDFက ထုတ်ပြန်သည်။