Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးတား​လေးရွာကိုစစ်​ကောင်စီ ၂ ရက်ဆက်ဗုံးကျဲ

လာရှိုးဘက်မှ လာသည်ဟုယူဆရ​သောစစ်​ကောင်စီ ​လေယာဥ်များမှာ ဇန်နဝါရီ ၁၉ ရက်​နေ့လည် ၁၂ နာရီ ၂၄ မိနစ် တွင်တစ်ကြိမ်၊ ည​နေ ၃ နာရီ ၇ မိနစ်တွင်တစ်ကြိမ်၊ ည​နေ ၅ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ် ဗုံးကျဲခဲ့ခြင်းဖြစ်​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်သည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

▪︎မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲများဆက်လက်ဖြစ်

ကသာမြို့နယ်၊ မိုးတား​လေးကျေးရွာကို စစ်ကောင်စီကဇန်နဝါရီလ ၁၉ရက်တွင်လည်းလေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီး မိုးတား​လေးတိုက်နယ်အတွင်း ​တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဇန်နဝါရီ ၁၈ ရက် ည​နေက မိုးတား​လေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်မှု​ကြောင့် ပြည်သူ ၇ ဦး​သေဆုံးပြီး ၃၀ ​ကျော်ဒဏ်ရာရခဲ့ပြီး​နောက် စစ်တပ်က ​လေယာဥ်ဖြင့်ရွာအတွင်း ၂ ရက်ဆက်ဗုံးထပ်ကြဲခဲ့ခြင်းဖြစ်သည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

“မိုးတားကို မနေ့က မနက်တစ်ကြိမ်၊ နေ့ခင်းနဲ့ ညနေမှာတစ်ကြိမ်စီ လေကြောင်းကနေ ဗုံးလာကြဲတယ်။ဒေသခံတွေက ရွာမှာ မနေရဲကြတော့ လူထိခိုက်မှုတော့မရှိဘူး။ တိုက်ကုန်းကျေးရွာရဲ့ တောထဲမှာတော့ စစ်ကောင်စီစစ်ကြောင်းရှိနေပါတယ်”ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

လာရှိုးဘက်မှ လာသည်ဟုယူဆရ​သောစစ်​ကောင်စီ ​လေယာဥ်များမှာ ဇန်နဝါရီ ၁၉ ရက်​နေ့လည် ၁၂ နာရီ ၂၄ မိနစ် တွင်တစ်ကြိမ်၊ ည​နေ ၃ နာရီ ၇ မိနစ်တွင်တစ်ကြိမ်၊ ည​နေ ၅ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ် ဗုံးကျဲခဲ့ခြင်းဖြစ်​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်သည်။

တိုက်ပွဲသည် မိုးတား​လေးရွာတွင် ဖြစ်နေခြင်းမဟုတ်ဘဲ ရွာနှင့် ၅ မိုင်​ဝေး​သော​နေရာ၌ဖြစ်ပွား​နေ​​သော်လည်း စစ်ကောင်စီတပ်က ရွာကိုပစ်မှတ်ထားကာ လေကြောင်းမှတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ မိုးတား​လေးတိုက်နယ်အတွင်းပါဝင်သော တိုက်ကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၈ရက်ကနံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက်ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် မိုးတား​လေးကျေးရွာကို လေကြောင်းမှ ပထမဆုံးအကြိမ် လာတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက်ညနေက အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာခဲ့သည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

” မိုးတား​လေးတိုက်နယ်မှာ ကျေးရွာအုပ်စု ၁၁စု ရှိတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို မိုးတားတိုက်နယ်ကနေ စတင်ခဲ့တယ်။ ဒါကြောင့်လည်း စစ်ကောင်စီက အညိုးတကြီးတိုက်နေတာ။ ဒါပေမယ့် အခုလို အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်လေ လူထုက ရွံရှာလေပဲ။အခုဆို လူထုက ကျွန်တော်တို့ကို ပိုပြီး ပူးပေါင်းပေးပါတယ်” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ​ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၀ရက်)နံနက်ပိုင်းတွင်တိုက်ကုန်းကျေးရွာအနီး၌ KIA၊ ABSDF ၊PDFများပါဝင်သော မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့သော အလယ်ကျွန်းရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

” စစ်ကောင်စီက အစွမ်းကုန်ယုတ်မာနေတာ။လူထုကတော့ တော်တော်ကိုရွံရှာနေပြီ။ တော်လှန်ရေးအောင်တဲ့အထိ ကျွန်တော်တို့နဲ့ တသားတည်းရှိမယ်လို့ ပြောကြပါတယ်” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တစ်ဦးကပြောသည်။

ကသာမြို့ခံတစ်ဦးက””တော်လှန်ရေးအောင်ရင်ပြီးပြီ။ အရာရာ အသစ်ကနေပြန်စတင်မယ်” ဟု​ပြောသည်။

You May Also Like

သတင်း

၂၀၂၃အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိရာ ပလက်ဝမြို့နယ်အတွင်း၌လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်နေကြောင်း ဖော်ပြထားသည်။

သတင်း

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။

သတင်း

ဇန်နဝါရီ ၁၈ ရက် နေ့နံနက်ပိုင်းက ရေဦးမြို့မှ မြောက်ဘက်ခြမ်းရွာများအား စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဗိုလ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

ဗုံးချတိုက်ခိုက်ရာနေရာများသို့ နာရေးကားများရောက်ရှိလာခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။