Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြောက်ဒဂုံမှာ သန်းခေါင်စာရင်းကောက်ရာ ဦးဆောင်တဲ့ ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်မြို့ ‌ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရာမှာ ဦးဆောင်တဲ့ ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့ ဦးရွှေဝင်းဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မြောက်ဒဂုံ(၄၀)ဈေးသို့ လာရောက်စဥ် အမည်မသိအဖွဲ့က ဦးရွှေဝင်းရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။ ဦးရွှေဝင်းဟာ (၄၀)ဈေးအနီးနေထိုင်ပြီး သားဖြစ်သူမှာလည်း စစ်ကောင်စီတပ်မျာ ဗိုလ်ကြီးရာထူးနဲ့ အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

(ယနေ့ နံနက်ပိုင်းက ရှင်းလင်းခံရသည့် ဗိုလ်မှူးဟောင်းရွှေဝင်း ကို လာရောက်သယ်ယူနေစဥ်၊ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက ရှင်းလင်းခံရသည့် ဗိုလ်မှူးဟောင်းရွှေဝင်း ကို လာရောက်သယ်ယူနေစဥ်၊ ဓာတ်ပုံ – CJ)

▪︎တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူတွေကို အရေးယူမယ်လို့ ခူမီး IKACC သတိပေး

စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲကို လုံး၀ အသိအမှတ်မပြုကြောင်း ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC)က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်သူတွေကို အရေးယူမယ်လို့လည်း သတိပေးပါတယ်။ ၂၀၂၃ အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေရာ ပလက်ဝမြို့နယ်အတွင်းမှာလည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်နေတယ်လို့ ဖော်ပြပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်ဖို့ စီစဥ်ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက်မှုများအတွက် ကောင်းမွန်တဲ့အဖြေကို ရရှိစေနိုင်မှာ မဟုတ်ဘူးလို့ IKACC က သုံးသပ်ပါတယ်။

▪︎မဲစာရင်းများပြုလုပ်နေတဲ့ မြင်းမူလဝကရုံး တော်လှန်ရေးအင်အားစုများ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အယောင်ပြရွေးကောက်ပွဲအတွက် မဲစာရင်းလုပ်နေစဥ် မဲစာရင်းတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် မြင်းမူမြို့လဝကရုံးအတွင်း စစ်ကောင်စီဝန်ထမ်းများက ညပိုင်းအထိ မဲစာရင်းလုပ်နေစဉ် PAFDနဲ့ PAFDတပ်ခွဲ DK PDF-MMU တပ်ဖွဲ့ဝင်တွေက မဲစာရင်းစာရွက်စာတမ်းများ၊ ကွန်ပျူတာများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ People’s Army to Fight Dictatorship ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎မိုးတား​လေးရွာကိုစစ်​ကောင်စီ ၂ ရက်ဆက်ဗုံးကြဲ

ကသာမြို့နယ်၊ မိုးတား​လေးကျေးရွာကို စစ်ကောင်စီက မနေ့ကလည်း လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီး မိုးတား​လေးတိုက်နယ်အတွင်း ​တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက် ည​နေက မိုးတား​လေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ပြည်သူ ၇ ဦး​သေဆုံးပြီး ၃၀ ​ကျော်ဒဏ်ရာရခဲ့ပြီး​နောက် စစ်တပ်က ​လေယာဥ်နဲ့ ရွာအတွင်း ၂ ရက်ဆက် ဗုံးထပ်ကြဲခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေက ရွာထဲမှာ မနေရဲတော့တာကြောင့် မနေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

▪︎ရေဦးနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် သုံးရက်ဆက်စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က သုံးရက်ဆက်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူ နှစ်ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက ရေဦးမြို့မှ မြောက်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဗိုလ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အင်တောကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တူမောင်းရွာသို့ ဝင်ရောက်စဥ် ဒေသခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ကာ အမျိုးသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရေးဘီးလူးအဖွဲ့ခေါင်ဆောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီးလူးအဖွဲ့ခေါင်ဆောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ – ရေးဘီလူး)

▪︎ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာသို့ ကင်းပုန်းလာဝပ်တဲ့ အင်အား ၁၅ ဦးခန့်ပါတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးတစ်လုံးကြဲကာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာလည်း ဒရုန်းနဲ့ ဗုံးတစ်လုံးထပ်ချကာ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ရေစကြို(ပဖက)အဖွဲ့က ဆိုပါတယ်။

▪︎စစ်ကောင်စီတပ်သား ငါးဦးကို တိုက်ခိုက်ရာ အားလုံးသေဟု YGF ပြော

မွန်ပြည််နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် (၃၁၇)အမြောက်တပ်မှ ဆိုင်ကယ်နဲ့ လာတဲ့ စစ်ကောင်စီတပ်သားငါးဦးကို တိုက်ခိုက်ရာ ငါးဦးစလုံးသေဆုံးပြီး လက်နက်သုံးလက်ရရှိတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကို ဗိုလ်ကျန်ရစ်က လူမှုကွန်ရက်မှတဆင့် အသိပေးခဲ့ပါတယ်။ တိုက်ခိုက်မှု ဗီဒီယိုဖိုင်မှတ်တမ်းအရ စစ်ကောင်စီ ယူနီဖောင်ဝတ်ထားသူများ စီးနင်းလာတဲ့ ဆိုင်ကယ် နှစ်စီးကို လမ်းမပေါ်မှာ YGFက ကြားဖြတ်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။

(သိမ်းဆည်းရမိသော လက်နက်များအား ပြသနေစဉ်၊ ဓာတ်ပုံ - YGF)
(သိမ်းဆည်းရမိသော လက်နက်များအား ပြသနေစဉ်၊ ဓာတ်ပုံ – YGF)

▪︎စစ်ကောင်စီယန္တရား မလည်ပတ်နိုင်ဖို့ လုပ်ဆောင်မယ်လို့ ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်ပြော

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းဒေသကို ရေးဘီလူးအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး အဲဒီဒေသရှိ စစ်ကောင်စီယန္တရား ရပ်ဆိုင်းသွားစေဖို့ လုပ်ဆောင်မယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်သားတွေ မဝင်ရောက်ဖို့ နယ်မြေရှင်းလင်းထားပြီး အုပ်ချုပ်မှုစနစ်ပြောင်းမယ်လို့ ဆိုပါတယ်။ ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်ကို မကြာသေးမီက ဖျက်ဆီးခဲ့ပါတယ်။

You May Also Like