Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၃)နယ်မြေ၌ လဝက်အတွင်း တိုက်ပွဲ ၅၀ကျော်ဖြစ်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်မှ ၄၇ဦးသေဟု ထုတ်ပြန်

ယခု လဝက်အတွင်းတိုက်ပွဲများ၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား(၂၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ဒရုန်းတပ်ဖွဲ့ကလည်း ဝေဟင်မှ(၁၄)ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်) တပ်မဟာ (၃) နယ်မြေ၌ ယခုလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၄၇ဦး သေဆုံးခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁ရက်မှ ၁၅ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များအကြား မြေပြင်တိုက်ပွဲပေါင်း (၅၅)ကြိမ်ဖြစ်ပွားခဲ့သည့်အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း (၁၄)ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဒု−တပ်ရင်းမှူး (၁) ဦး အပါအဝင် ၄၇ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတည်မပြုနိုင်သော ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ထုတ်ပြန်သည်။

KNUတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ယခု လဝက်အတွင်းတိုက်ပွဲများ၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား(၂၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

စစ်ကောင်စီတပ်က ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခဲ့၍ လယ်ဒို(ကျောက်ကြီး) မြို့နယ်၊ မူး(မုန်း) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ငါးထောင်ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်ကလည်း စစ်ကောင်စီ၏ ယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအင်အားစုနှစ်ဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

သတင်း

အလယ်ပိုင်းတိုင်း ဒီးမော့ဆို(၁၁၀၂)တပ်ရင်း ကင်းထောက်တပ်ဖွဲ့သည် ဇန်နဝါရီ ၇ရက်တွင် စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာနေသည့် နေရာတွင် မိုင်းများဆင်ထားခဲ့သည်ဟု ဆိုသည်။

သတင်း

၂၀၂၃အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိရာ ပလက်ဝမြို့နယ်အတွင်း၌လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်နေကြောင်း ဖော်ပြထားသည်။

သတင်း

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။