Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စျေးဝယ်ပြန်လာသည့် ပျူရိက္ခာယာဉ်အား တိုက်ခိုက် ရာ ပျူနှစ်ဦးသေဆုံး

ဇန်နဝါရီ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စျေးဝယ်ပြန်လာသည့် ပျူရိက္ခာယာဉ်အား တိုက်ခိုက် ရာ ပျူနှစ်ဦးသေဆုံး
စျေးဝယ်ပြန်လာသည့် ပျူရိက္ခာယာဉ်အား တိုက်ခိုက် ရာ ပျူနှစ်ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စျေးဝယ်ပြန်လာသည့် ပျူစောထီးအဖွဲ့ရိက္ခာယာဉ်အား တိုက်ခိုက်ရာ ပျူနှစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၀ရက်)မွန်းလွဲ ၁ နာရီခန့်က မြိုင်မြို့ပေါ်မှ သရက်ခွရွာသို့ ပြန်လာသော ပျူစောထီးအဖွဲ့၏ ရိက္ခာယာဉ်အား စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူ နှစ်ဦးသေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

“ကားပေါ်ပါလာတဲ့ ပျူမတစ်ကောင် လည်ပင်းဖောက်မှန်သွားတယ်။”ဟု ကိုလယျာ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ -၁ ၊ တပ်ခွဲ -၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ -၃ ( တရုတ်ကြီး) ၊ တပ်ခွဲ -၄ ( စက်ြာ) ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) ၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ MVPRF၊ Hero New GZ ၊ Myaing warriors ၊မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ၊ ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က အရာတော် မြို့နယ်၊ နောင်ကြီးအိုင်ကျးရွာတွင် အထိုင်ချနေသော ရဲစခန်းအား လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး PRF ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

သတင်း

ယခု လဝက်အတွင်းတိုက်ပွဲများ၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား(၂၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

သတင်း

အလယ်ပိုင်းတိုင်း ဒီးမော့ဆို(၁၁၀၂)တပ်ရင်း ကင်းထောက်တပ်ဖွဲ့သည် ဇန်နဝါရီ ၇ရက်တွင် စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာနေသည့် နေရာတွင် မိုင်းများဆင်ထားခဲ့သည်ဟု ဆိုသည်။