Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ

ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ကျိုက် စသောကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းများမှ ယခုရက်ပိုင်းထဲ ဝင်ရောက်လာနေကြောင်း ဒေသခံများက ပြောသည်။

ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ
ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးရှိ ကျေးရွာများအတွင်း စစ်တပ်က ယခုရက်ပိုင်း စစ်ဆင်ရေးဝင်ရောက်ဆောင်ရွက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူလူထုအများအပြား တိမ်းရှောင်ထွက်ပြေးနေရသည်။

ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ကျိုက် စသောကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းများမှ ယခုရက်ပိုင်းထဲ ဝင်ရောက်လာနေကြောင်း ဒေသခံများက ပြောသည်။

ရွာသူ၊ ရွာသားများအား ကျေးရွာအတွင်းမှ ထွက်ခွာရန် ပြောဆိုမှုများရှိနေကာ ကျုံဒိုးမြို့တွင်းမှနေ၍ ယင်းကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ဆိုသလို လုပ်ဆောင်နေလျက်ရှိသည်ဟုဆိုသည်။

” အသံတွေကြားနေရတာ ညကနေ အခုထိပဲ။ ရွာကမ်းနားပိုင်းမှာ စစ်သားတွေပြည့်နေပါတယ်” ကမ်းနီကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ(၂၃)ရက်က ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ
ကျုံဒိုးမြို့အနီးရွာများ စစ်တပ်က စစ်ဆင်ရေးဝင်လုပ်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေဖြစ်သော ကျုံဒိုးမြို့နယ် ကော့ဘိန်းကျေးရွာတွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကျေးရွာအတွင်းရှိ နယ်မြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ရာ စစ်ရေးအခြေအနေပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်မှ ယင်းကျေးနယ်များအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားလာခဲ့သည်။

Public Service Announcement
Public Service Announcement

ယခုလို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့်အတွက် စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာမှာစိုးရိမ်နေသည့်အတွက် ကျုံဒိုးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

You May Also Like

ဗီဒီယို

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

နိုင်ငံတကာ

ဘော်လ်ဆိုနာရိုဟာ လူလာရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို ရှောင်လွှဲဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကတည်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ကို ရောက်ရှိနေခဲ့ပြီး လက်ရှိ အချိန်ထိ ဘရာဇီးကို ပြန်မလာသေးဘူးလို့ သိရပါတယ်။

သတင်း

ယမန်နေ့(ဇန်နဝါရီ ၂၁)ရက် နေ့လယ် ၂ နာရီခွဲခန့်က တကောင်းတိုက်နယ် (၄)မိုင်‌ကျေးရွာအနီး ပီလောပစ်‌ဘုန်းကြီးကျောင်း အထိုင်ချထားသော စစ်အုပ်စုမှ အင် အား (၄၀)ခန့်ကို ယာဉ်သုံးစီးဖြင့် ထွက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။