Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထပ်တိုးစွဲထားတဲ့အမှုနဲ့မနက်ဖြန်အမိန့်ချမယ်

အမှုမှာ မန္တလေး စည်ပင်ဌာနရဲ့ ဝန်ထမ်းအများစု လာရောက်ထွက်ဆိုသလို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ရှေ့နေဒေါ်ရွက်နုအောင်တို့ လည်းဒေါက်တာရဲလွင်ဘက်က သက်သေထွက်ဆို ပါတယ်။

မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထပ်တိုးစွဲထားတဲ့အမှုနဲ့မနက်ဖြန်အမိန့်ချမယ်
မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထပ်တိုးစွဲထားတဲ့အမှုနဲ့မနက်ဖြန်အမိန့်ချမယ်

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို မနက်ဖြန် သောကြာနေ့ရုံးချိန်မှာ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ထောင်ထပ်ချဖို့ရှိနေပါတယ်။

မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့အတူ NLD ပါတီဝင် မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ နိုင်ငံ ဘဏ္ဍာငွေ အလွဲသုံးမှု ပုဒ်မ ၄၀၉ နဲ့ စစ်ကောင်စီ အိုးဘိုထောင်တွင်းတရားရုံးက အမိန့်ချဖို့ရှိနေတာပါ။

အဲဒီပုဒ်မဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ ထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ကို ထောင်ဒဏ် ၂ နှစ်စီချထားပြီး ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်း ပြစ်ဒဏ်စေ့ပေမယ့် မလွှတ်ဘဲ ပုဒ်မ ၄၀၉ နဲ့ ထပ်တိုးအမှုစွဲထားတာပါ။

အမှုထပ်တိုးရာမှာလည်း စည်ပင် ဌာန တွင်း ဆောင်ရွက်ချက်တွေဟာ နိုင်ငံဘဏ္ဍာ နစ်နာတယ်ဆိုပြီး အကြောင်းပြကာ တရားစွဲတာလို့ NLD အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

ဒေါက်တာရဲလွင်ရဲ့ ရုံးချိန်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးခဲ့ပြီး ရုံးချိန်း တစ်ချိန်းမှာ သက်သေ ၅ယောက်အထိစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

” အမြန်ချချင်လို့ကို ရုံးချိန်းတစ်ချိန်းကို သက်သေတွေရသလောက်အမြန်ခေါ်စစ်နေတာ၊ဆရာတို့အားလုံးကတော့ ကျန်းမာရေးကောင်းကြပါတယ်” လို့ တရားရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

အမှုမှာ မန္တလေး စည်ပင်ဌာနရဲ့ ဝန်ထမ်းအများစု လာရောက်ထွက်ဆိုသလို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ရှေ့နေဒေါ်ရွက်နုအောင်တို့ လည်းဒေါက်တာရဲလွင်ဘက်က သက်သေထွက်ဆို ပါတယ်။

ဒေါက်တာရဲလွင် မန္တလေးမြို့တော်ဝန်အဖြစ်တာဝန်ယူစဉ်က မော်တော်ယာဉ်တွေမှာ GPS တပ်ဆင်တဲ့ကိစ္စ၊ကုမ္ပဏီတစ်ခုကို CCTV တပ်ဆင်ဖို့ လုပ်ငန်းအပ်နှံရာမှာ ကျပ် ၈၉ သိန်းကျော် ကုန်ကျတာကို တင်ဒါမခေါ်ဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲတာပါ။

အဲဒီအကြောင်းအရာတွေဟာ အဂတိမမြောက်လို့ စစ်ကောင်စီကအဂတိတိုက်ဖျက်ရေး ကော်မရှင်က ပယ်ချထားတဲ့အမှုလည်းဖြစ်ပါတယ်။

You May Also Like

သတင်း

ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။

သတင်း

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

သတင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက တောင်ကိုရီးယား၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို ကောင်းစွာသိရှိပြီး စံနမူနာယူကာ အတုယူလေ့လာမိကြောင်း ပြောသည်။

နိုင်ငံတကာ

ခုံရုံးရဲ့ ကြေညာချက်ကို ကြေညာပြီးတဲ့နောက် မီဒီယာတွေဆီပါ ဖြန့်ဝေ ပေးပို့လိုက်ပါတယ်။ ရာထူးသက်တမ်းစေ့လို့ ပယာရွတ်သ်ကို ဝန်ကြီးချုပ် အဖြစ်က အနားပေးစေလိုကြောင်း အဆိုပြုချက်ကို ထိုင်းအတိုက်အခံ နိုင်ငံရေး အင်အားစုတွေက စုပေါင်း လက်မှတ်ရေးထိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။