Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်တွင် ကင်းပတ်ထွက်လာသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ ၂၀ ရက် ည ၇နာရီခန့်က ဝက်လက်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ဘက်စုံမူးဘောင်အနီးတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း GZ Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(GZ Special Task Forceအဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GZ Special Task Force)
(GZ Special Task Forceအဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GZ Special Task Force)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကင်းပတ် ထွက်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း GZ Special Task Force(ဝက်လက်)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ ရက် ည ၇နာရီခန့်က ဝက်လက်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ဘက်စုံမူးဘောင်အနီးတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း GZ Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးအား GZ Special Task Force (ဘွားကြီးတပ်ခွဲ)နှင့် PAFD တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝက်လက် မြို့ပေါ်ရှိ စစ်အုပ်စုနှင့် မကြာခဏထိတွေ့ မှု ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ် ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force က အသိပေးသည်။

​”သူတို့က ဝက်လက်မြို့ပေါ်ကနေ မြို့အစွန်ကို ညတိုင်ဆိုရင် ကင်းစောင့်ဖို့လာတဲ့နေရာပေါ့ဗျာ။ ပျူတွေနဲ့ပေါင်းပြီးတော့။ အဲဒီနေရာကို ကျွန်တော် တို့က ဦးအောင်မိုင်းဆင်ပြီး သူတို့လာတဲ့အချိန် သူတို့ကင်းစောင့်တဲ့နေရာ ရောက်ပြီဆိုမှ ခွဲချလိုက်တာ။ ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ခွဲလိုက်တာ။ လာတာက ၁၅ယောက် လောက်။ သုံးယောက်သေပြီး သုံးယောက်ဒဏ်ရာရတယ်။”ဟု GZ Special Task Force(ဝက်လက်)၏ တာဝန်ခံ ကိုဂျီဇက်က ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များသည် အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်​ကြောင်းထိုး ဖျက်ဆီးမှုများပြုလုပ်နေပြီး ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းကလည်း ဝက်လက်-လှတောလမ်းအထွက် မူးဘောင်အနီးရှိ နေအိမ် လေးလုံးခန့်အား ဖျက်ဆီးမီးရှို့ထားခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်ပြီးတော်လှန်ရေးအင်အားစုရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကို ကန့်ဘလူမြို့နယ်(ပကဖ) ၊ MPF U-18၊မြေပြင်လှုပ်ရှားညီနောင်များ ၊ ဒေသခံLDFအဖွဲ့ နှင့် Kanbalu underground warriors မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

သတင်း

မိုင်းပွိုင့် သုံးခုအနက် ပွိုင့်(၂)နှင့် ပွိုင့်(၃) စတင်ဖောက်ခွဲတိုက်ခိုက်ရာ မိုင်းကွင်းအတွင်း ရောက်နေသောစစ်ကားနှစ်စီးမှာ လမ်းအောက်သို့လွင့်စင်ကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောစကားကို ကိုးကား၍ မြစ်ငယ်PDFက ထုတ်ပြန်သည်။

သတင်း

စစ်အုပ်စု သက်ဆိုးရှည်ရေး ပါဝင်နေကြသူများကို ပြည်သူများက မှတ်တမ်းရယူထားကြရန်လည်း ဝေါ(ပအဖ)က မေတ္တာရပ်ခံခဲ့သည်။