Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးစာအုပ် သြစတြေးလျစီးပွားရေးပညာရှင် စတင်ရေးသား

မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ​ပြောထားသည်။

မြန်မာ့အရေးစာအုပ် သြစတြေးလျစီးပွားရေးပညာရှင် စတင်ရေးသား
မြန်မာ့အရေးစာအုပ် သြစတြေးလျစီးပွားရေးပညာရှင် စတင်ရေးသား

သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ စာအုပ် စတင်ရေးသားနေပြီဟု ၎င်း၏ ဇနီးဖြစ်သူ Ha Vu က အသိပေးသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခရှောင်တာနဲလ်ကို မြန်မာစစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းအကြာတွင် ဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၆၅၀ ကြာ အကျဥ်းချ ချုပ်နှောင်ထားခဲ့သည်။ ပြီးခဲ့သည့် အမျိုးသားနေ့အတွက် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မစ္စတာရှောင်တာနဲလ်ကို ပြန်လွှတ်ပေးခဲ့သည်။

စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံခဲ့သူ အထက်ပါသြစတြေးလျပညာရှင်က အာဏာမသိမ်းမီနှင့် အာဏာသိမ်းမှုနောက်ပိုင်းအဖြစ်အပျက်ကို စာအုပ်ရေးသားမည်ဟု ၎င်းလွတ်မြောက်လာပြီးနောက် သတင်းဌာနများနှင့် အင်တာဗျူးများ၌ ပြောဆိုခဲ့သည်။

ပါမောက္ခရှောင်တာနဲလ်သည် “Catch & Release, unreleased?” ခေါင်းစဥ်တပ်ထားသော စာအုပ်ကို ရေးသားနေပြီဟု ၎င်း၏ဇနီးဖြစ်သူက ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၇ ရက်တွင်ရေးသားထားသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ​ပြောထားသည်။

သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနဲလ်ကိုမြန်မာနိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်နှစ်ပေါင်းများအားထုတ်ကြိုးပမ်းသူအဖြစ်ပြည်တွင်း၊ပြည်ပကအသိအမှတ်ပြုထားသည်။

You May Also Like

သတင်း

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

သတင်း

ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံ၌ တိုးပွားဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်စေရန် စစ်လက်နက်များတင်ပို့မှုအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေဆောင်ရွက်ပေးရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက Reuters သို့ ပြောသည်။