Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ
မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ

မြန်မာစစ်အုပ်စုကို ပိုမိုဖိအားပေးရန်၊ မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးရန် အချက်များ သီးသန့်ရေးဆွဲထားသော Burma Act ပါရှိသည့် အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA)ကို သမ္မတဂျိုးဘိုင်ဒန်က ယမန်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဟု အိမ်ဖြူတော်က ကြေညာသည်။

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

အမေရိကန်အောက်လွှတ်တော်တွင် စတင်အတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာတွင် အထက်လွှတ်တော်၏ ဆက်လက်အတည်ပြုချက်ရရှိခဲ့သော NDAA ကို သမ္မတ ဂျိုးဘိုင်ဒန်က ယခု လက်မှတ်ရေးထိုးလိုက်သဖြင့် ယင်းဥပဒေမှာ စတင်အသက်ဝင်လာပြီဖြစ်သည်။

NDAA ဥပဒေသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသော NUG၊ NUCC၊ CRPH၊ CDM နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ ရုန်းကန်မှုအတွက် အမေရိကန်၏ ကူညီထောက်ပံ့ရေး မူဝါဒကို ထည့်သွင်းပါရှိသည်။

NDAA သည် စစ်ကောင်စီ၊ ခရိုနီများနှင့် စွမ်းအင်ကဏ္ဍ၊ ယင်းနှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတိုးချဲ့ပြုလုပ်နိုင်မည့် အခွင့်အာဏာပေးထားသည်။

ထို့အပြင် မြန်မာပြည်၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် အချက်လည်း ထည့်သွင်းထားသည်။

You May Also Like

သတင်း

ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံ၌ တိုးပွားဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်စေရန် စစ်လက်နက်များတင်ပို့မှုအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေဆောင်ရွက်ပေးရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက Reuters သို့ ပြောသည်။

ဗီဒီယို

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။