Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူတွင်ယ​နေ့ညတိုက်ပွဲဖြစ်

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

(စစ်​ကောင်စီ​၏ ​မြေစာရင်းရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ​၏ ​မြေစာရင်းရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)

▪︎စစ်​ကောင်စီ​မြေစာရင်းရုံးလည်းယ​နေ့နံနက်မီး​လောင်

စစ်ကောင်စီက ညမထွက်ရအမိန့်ထပ်တိုးထုတ်ပြန်ထားသည့်ဘုရားသုံးဆူမြို့တွင် ယနေ့ညတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီ၏ ​မြေစာရင်းရုံးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယ​နေ့နံနက်တွင်မီးရှိ့လိုက်သည်။

“သေနတ်သံတွေ ဆူညံနေတာ။ ည၁၀ နာရီလောက်ကစတာ။ ၁၀ နာရီခွဲလောက်မှာရပ်သွားတယ်”ဟု ဘုရားသုံးဆူမှဒေသခံတစ်ဦးကပြောသည်။တိုက်ပွဲအတွင်း ထိခိုက်မှုအ​ခြေအ​နေကိုမူ လတ်တလောမသိရသေးပေ။

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးခရိုင် ၊ဘုရားသုံးဆူမြို့ ရှိ ထွေအုပ်ရုံး၊ လဝကရုံးနှင့် စည်ပင်ရုံးများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကဇန်နဝါရီလ ၂၃ရက်ညကမီးရှို့ ဖျက်ဆီးခဲ့သည်။

ထို့နောက်စစ်ကောင်စီကယခင်ထုတ်ပြန်ထားဆဲဖြစ်သော ည၆ညနာရီမှ မနက် ၅ညနာရီအတွင်းညမထွက်ရဟူ​သောအမိန့်နှင့် လူငါးဦးထက်ပိုမစုဝေးရဟူသောအမိန့်ကိုဇန်နဝါရီလ (၂၆)ရက်တွင်သက်တမ်းတိုးခဲ့သည်။

ညမထွက်ရအမိန့်ထပ်တိုးထုတ်ပြန်သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ဒေသခံများက​ဝေဖန်သည်။

“သူတို့(စစ်ကောင်စီ)တောင်ရုံးထိုင်စရာရုံးမရှိဘဲ ညမထွက်ရအမိန့်လာထုတ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

You May Also Like

သတင်း

မွန်ပြည်သစ်ပါတီဟာအပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ထားပါတယ်။

သတင်း

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။