Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်၍ TNLAနှင့် တိုက်ပွဲဖြစ်

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

(TNLA တပ်သားတစ်ဦးအား ရှေ့တန်းနစ်နေရာ၌ တွေ့ရစဉ်)
(TNLA တပ်သားတစ်ဦးအား ရှေ့တန်းနစ်နေရာ၌ တွေ့ရစဉ်)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ အင်အား ၆၀ခန့်သည် နမ်မောကျေးရွာမှ မန်ကောင်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး TNLA တပ်မဟာ (၆)စစ်ဒေသ၊ TNLA တပ်ရင်း (၅၉၅)တပ်စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ TNLA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ၂နာရီခွဲနီးပါး အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း အသိပေးထားသည်။

ညနေပိုင်း ၆နာရီခန့်အထိ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို TNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။ TNLA သတင်းနှင့် ပြန်ကြားရေးဌာနဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ထံသို့ ယနေ့မနက်ပိုင်း၌ ဆက်သွယ် ရာတွင်လည်း အဆက်အသွယ်မရပေ။

စစ်ကောင်စီတပ်သည် ၂၀၂၂ ဒီဇင်ဘာ ၇ရက်က နမ့်ဆန်မြို့နယ်ရှိ TNLA တပ်စခန်းများကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ရာ တစ်ပတ် ကြာ မြေပြင်တိုက်ပွဲပြင်းထန်ခဲ့သည်။ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူအများအပြားဖြင့် စစ်ကောင်စီတပ်က TNLA ကို တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် နားလည်မှုလွဲ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ယခု တစ်လခွဲကျော်အကြာတွင် စစ်ကောင်စီက TNLA တပ်စခန်းကို လက်နက်ကြီးဖြင့်စတင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

You May Also Like

သတင်း

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople's Springက သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

မွန်ပြည်သစ်ပါတီဟာအပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ထားပါတယ်။

သတင်း

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။