Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တွင် အမျိုးသမီးငယ်တစ်ဦးကို PDF သင်တန်း တက်ဖူးသည်ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

ဖမ်းဆီးခံရသူမှာအသက် (၂၅)နှစ်အရွယ် မနွေနွေကိုဆိုသူ ဖြစ်ပြီး အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့အသွားတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

(ဖမ်းဆီးခံရသည့် မနွေနွေကိုအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)
(ဖမ်းဆီးခံရသည့် မနွေနွေကိုအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊အင်းတော်မြို့တွင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီ ၂၉ရက် နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာအသက် (၂၅)နှစ်အရွယ် မနွေနွေကိုဆိုသူ ဖြစ်ပြီး အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့အသွားတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မနွေနွေကိုအား စစ်ကောင်စီတပ်များက အင်းတော်စစ်တပ်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရသေး၍ စိုးရိမ်နေရကြောင်းမိသားစုထံမှ သိရသည်ဟု ဖော်ပြသည်။

မနွေနွေကိုသည် PDFသင်တန်းတက်ဖူးသူဖြစ် သော်လည်း ယခုအချိန်တွင် အလှပြင်သည့်အလုပ်ကိုသာ လုပ်ကိုင်နေသူဖြစ်သည်ဟု ဖော်ပြ သည်။

ပြီးခဲ့သည့် လအတွင်းကလည်း အင်းတော်ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။ NUG စာသင် ကျောင်းများကို စာအုပ်နှင့် စာရေးကိရိယာများ လှူသည်ဟုဆိုကာ စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဆိုင်ရှိ ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ဒေသခံက ပြောသည်။ ထို့ပြင် PDFနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများလည်းရှိသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်ခံရပါက မြေပြင်မှမလာဘဲ လေကြောင်းကို အားကိုးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် ပြည်သူ့နွေဦး တော်လှန်ရေး (၂)နှစ်ပြည့် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ၌ ဟားခါး CDF ရဲဘော် ၁၉ဦး ကျဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ဗြိတိန်အစိုးရသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း ယနေ့ ကြေညာသည်။