Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်၊ ပေါက်နှင့် ပခုက္ကူနယ်များတွင် စစ်အုပ်စုအား နှစ်ရက်အတွင်း ရှစ်ကြိမ်တိုက်ခိုက်

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၅ နာရီခန့်ကလည်း ယာကြီးပင် ပျူရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် အုန်းတောရွာသို့ စစ်ကြောင်းထိုးလာစဉ် ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူ နှစ်ဦးခန့် ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။

(ပခုက္ကူခရိုင်ရှိ ဒေသတွင်းကာကွယ်ရေး ရဲဘော်များအား တွေ့ရစဥ်)
(ပခုက္ကူခရိုင်ရှိ ဒေသတွင်းကာကွယ်ရေး ရဲဘော်များအား တွေ့ရစဥ်)

စစ်အုပ်စုအထိအခိုက်များပြီး ၎င်းတို့လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူတစ်ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်၊ ပေါက်နှင့် ပခုက္ကူမြို့နယ်များတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ၏ စစ်ကြောင်းများ၊ စခန်းချရာနေရာများ၊ စစ်ဆေးရေးဂိတ်များအပါအဝင် နေရာ ရှစ်ခု၌ တိုက်ပွဲများဖော်​ဆောင်ခဲ့ကြပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄နာရီခန့်က ပေါက်မြို့ပေါ်မှ ယာကြီးပင် ပျူစောထီးကျေးရွာသို့ စစ်ကူလာသော အင်အား ၂၅ ဦးခန့်အား အုန်းတောရွာ တောင်စုနှင့် မြောက်စုကြား ဖြတ်သန်းစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်း ကျည်ထိမှန်ပြီး အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၅ နာရီခန့်ကလည်း ယာကြီးပင် ပျူရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် အုန်းတောရွာသို့ စစ်ကြောင်းထိုးလာစဉ် ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူ နှစ်ဦးခန့် ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က ကင်းထောင်ဒရုန်းတစ်စီးကိုပါ အသုံးပြုခဲ့ပြီး ဒရုန်း နှစ်စီးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

တိုက်ခိုက်ခံ​ရပြီး စစ်ကောင်စီတပ်နှင့် ပျူများက အုန်းတောတောင်စုရွာရှိ နေအိမ်၂၀ ခန့်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။

အဆိုပါ စစ်ဆင်ရေးကို ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် မြိုင် (ပကဖ) ရင်း – ၁ တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ညနေ ၃ နာရီခန့်အထိ မြိုင်မြို့အရှေ့ဘက်နှင့် မြောက်ဘက်ဂိတ်များတွင် စစ်ကောင်စီတပ်နှင့်ပျူများ ဂိတ်စောင့်နေစဥ် ပကဖအဖွဲ့များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုတွင် စစ်အုပ်စုရှိရာ အထက(၂)ကျောင်းဝင်းအတွင်းနှင့် မြိုင်မြို့အရှေ့ဘက် ဂိတ်အနီးတစ်ဝိုက်သို့ ကျရောက်ခဲ့ကြောင်း မြိုင်(ပကဖ) ခေါင်းဆောင်က ပြောသည်။

ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်မှ ညနေ ၃ နာရီ ၁၀မိနစ်ခန့်အထိ မြိုင်မြို့နယ် ကိုင်းတောမရွာ၊ တွင်းမရွာ၊ သရက်ကန်ရွာနှင့် ဝင်ပုတ်ပျူကျေးရွာများအား လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းရာကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

သရက်ကန်ပျူရွာမှ ပျူ နှစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိသည်ဟုသိရှိရပြီး ၎င်းတို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကန်နက်ရွာမှ ပြည်သူတစ်ဦး ရေချိုးနေစဉ် လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

ထိုနေ့၌ပင် နံနက် ၁၁ နာရီ မိနစ်၂၀ခန့်မှ မီန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်အထိ ကျောက်ခွက်ကျေးရွာအနီး Well-2 စခန်းအား လက်နက်ကြီးများဖြင့် အချက်ရေ ၁၀၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲများရှိရာ ဘန်ကာများအတွင်းသို့ လက်နက်ကြီးဆန်များ ကျရောက်ခဲ့သည်ဟု ဆိုသည်။

ထိုနေ့ မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်အထိ ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလုံးရေ ၈၀ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အုပ်စုဘက်ကလည်း ပြန်လည်ပစ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၆ နာရီ ၁၃ မိနစ်ခန့်က ပေါက်မြို့နယ် တပေါက်ကုန်းကျေးရွာတွင် ရောက်ရှိနေသော စစ်ကြောင်းအား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ် စစ်အုပ်စုက လက်နက်ကြီးများဖြင့် ဦးစွာပစ်ခတ်ရာ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ PDF ရဲဘော်များ ပြန်လည်ပစ်ခတ်ခဲ့၍ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာများရရှိသွားပြီး သေဆုံးမှုများလည်း ရှိနိုင်ကြောင်း မြိုင်(ပက​ဖ) ခေါင်းဆောင်က ပြောသည်။

ယမန်နေ့ကပင် ပေါက်မြို့နယ် သရော်ကိုင်းပျူကျေးရွာမှ ပျူများအား မြိုင်(ပကဖ) ရင်း – ၁ တပ်စိတ် (၂)ပေါက် ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကင်းပုန်းဝတ်ပြီး စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာတွင် စစ်အုပ်စုဝင်၂ဦး ပြင်းထန်ထိခိုက်ကြောင်း သိရသည်။

ပေါက်နှင့် မြိုင်မြို့နယ်များသည် စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်မြို့နယ်များဖြစ်ပြီး ၎င်းတို့၏ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် စစ်ဆင်ရေးများဆက်တိုက်ဖော်ဆောင်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

“အခုဖြစ်စဥ်တွေမှာ အထိအခိုက်များနိုင်တယ်။ အတည်ပြုမှုမရသေးလို့ မထုတ်ပြန်တာ။အခြားမြို့နယ်တွေနဲ့လည်းပေါင်းစပ်ပြီး ဖော်ဆောင်ဖို့ရာစီစဥ်ထားတာရှိပါတယ်။ သူတို့အုပ်ချုပ်ရေးကြေညာတာက ကျွန်တော်တို့ဆီမှာ ဟာသလိုဖြစ်နေတယ်။ အရူးလိုလျှောက်ထုတ်ထားတာ”ဟု ကိုလယျာ်က ပြောသည်။

ထို့အပြင် ခရီးသည်ယာဉ်များတွင် စစ်ကောင်စီတပ်နှင့်ပျူများက ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်ရန် နှင့် စောင့်ဆိုင်းသည့် နေရာသိရှိရန် လုပ်ဆောင်နေသည်ဟု အတွင်းသတင်းရကြောင်း၊ ဖြတ်သန်းသွားလာမှုတွင် အလစ်အငိုက်ယူ၍ စစ်ဆေးသည့်အခါ တွေ့ရှိပါက လူနှင့် မော်တော်ယာဉ်အား ကာကွယ်ရေးအဖွဲ့များက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း မြိုင်(ပကဖ)က သတိပေးသည်။

ပျူကျေးရွာများမှ ပြည်သူလူထုအား ရှေးရှုမျက်နှာမူ၍ အလိုက်သိစွာဖြင့် အလင်းဝင်ရောက်လာပါက သေချာစိစစ် လက်ခံသွားမည်ဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည်ရှိသော် အကြောင်းအမျိုးမျိုးပြ ဆင်ခြေပေးခြင်းများလက်မခံကြောင်း၊ ကျဆုံးခဲ့သည့် ရဲဘော်များနှင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ရဲဘော်တို့၏ သွေးကြွေးပြန်လည်တောင်းခံသွားမည် ဖြစ်ကြောင်း ဒေသတွင်းPDFများက သတိပေးထားသည်။

Facebook

You May Also Like

သတင်း

KNLA တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း ဒေသများ၌ စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ခြုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

သတင်း

PDF များက ​ကျောက်မျက်​တောင်​ပေါ်မှစစ်​ကောင်စီစခန်းကိုတိုက်ခိုက်​​​နေစဥ် မြစ်တစ်ဖက်ကမ်းရှိ မုံရွာမြို့မှပါ ​သေနတိပစ်ခတ်သံများကြား​​နေရ​ကြောင်း ​ဒေသခံများက​ပြောသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)က မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတည်ရှိရာလွတ်လပ်ရေးကျောက်တိုင်အနီးတွင် ခွေးစာဟုရေးထားသော ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန် PAFD ရဲဘော်များက စောင့်ဆိုင်းခဲ့သည်။

သတင်း

နှစ်ဖက်ထိတွေ့မှုမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကရင်နီပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။