Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်တပ်အချင်းချင်းပစ်ခတ်မှုထပ်မံမဖြစ်ရေးဆောင်ရွက်ပေးရန် တနင်္သာရီတိုင်းရှိကရင်လူမျိုးများတောင်းဆို

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့်ကော်သူးလေတပ်မတော်(KTLA) အမည်ဖြင့် ဖွဲ့ထားသည့် တပ်တို့ဖေဖော်ဝါရီ ၁၅ရက် တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ ယင်းဖြစ်ရပ်အပေါ် များစွာ စိတ်ထိခိုက်မိဟု တနင်္သာရီတိုင်းရှိ ကရင်လူမျိုးများ၏ စာ၌ဖော်ပြသည်။

KNLA တပ်မဟာ(၄)မှတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNLAB-4
KNLA တပ်မဟာ(၄)မှတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNLAB-4

ကရင်လက်နက်ကိုင်တပ်အချင်းချင်း ပစ်ခတ်မှုများ ထပ်မံမဖြစ်ရေး ညှိနှိုင်းဆွေးနွေးကြရန်တနင်္သာရီတိုင်း အတွင်းရှိ ကရင်လူမျိုးများက ဖေဖော်ဝါရီ ၂၀ရက် နေ့စွဲဖြင့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

ကရင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်ကြသည့် တပ်မဟာ(၄)နှင့် KTLA တို့အကြား လတ်တလော ဖြစ်ပေါ်လာသည့် တင်းမာမှုအပေါ် ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းစာ တစ်စောင်ကို ဖေဖော်ဝါရီ ၇ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယခုထပ်မံ ထုတ်ပြန်ခြင်းဖြစ်သည်။

KTLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KTLA
KTLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KTLA

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့်ကော်သူးလေတပ်မတော်(KTLA) အမည်ဖြင့် ဖွဲ့ထားသည့် တပ်တို့ဖေဖော်ဝါရီ ၁၅ရက် တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ ယင်းဖြစ်ရပ်အပေါ် များစွာ စိတ်ထိခိုက်မိဟု တနင်္သာရီတိုင်းရှိ ကရင်လူမျိုးများ၏ စာ၌ဖော်ပြသည်။

နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေအနေများအပေါ်တွင်လည်း များစွာစိုးရိမ်မိ ကြောင်းဖော်ပြထားပြီး ယနေ့ အချိန်အခါတွင် ကရင်တစ်မျိုးသားလုံးနှင့် မြန်မာတစ်နိုင်ငံလုံး၏ ဘုံရန်သူကို အဓိက ပစ်မှတ်ထားရမည့် အချိန်တွင် ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်မှု ဖြစ်ပေါ်ခြင်းကြောင့်များစွာ ဝမ်းနည်းမိကြောင်း​ဖော်ပြထားသည်။

ဖေဖော်ဝါရီလဆန်းက KNU ဗဟိုမှ တပ်မဟာ(၄)တပ်မဟာမှူးတာဝန်ကို ယူမည့်ဗိုလ်မှူးချုပ်စေားလေးမူးအား စေလွှတ်ခဲ့ကြောင်း ၊ ထို့ကြောင့် ဗိုလ်မှူးချုပ်စောလေးမူးအနေဖြင့် ကရင် လက်နက်ကိုင်အဖွဲ့များ အကြား ပြန်လည်စေ့စပ်နိုင်မည့်လမ်းကြောင်းကိုအမြန်ဆုံးရှာဖွေပြီထိပ်တိုက်

ရင်ဆိုင်မှု များ နောင်တွင် မပေါ်ပေါက်လာစေရေး တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖြင့် အလေးထား ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

KTLAနှင့် KNLA ဘက်မှ အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန်အလေးထားတိုက်တွန်းကြောင်းလည်းဖော်ပြထားသည်။

​ဒေသခံပြည်သူတစ်ဦးက”အချင်းချင်းပဲတိုက်ရင်အကျိုးအမြတ်မရှိတဲ့အပြင် ဘုံရန်သု ထိုင်ရီရုံပဲအဖတ်တင်တာမို့ အတတ်နိုင်ဆုံးဆွေးနွေးညှိနှိုင်းပါ”ဟု​ပြောသည်။

အခြားပြည်သူတစ်ဦးကလည်း “ပြည်သူ့မျက်နှာကို ကြည့်ကြပါ”ဟု​ပြောသည်။

KTLA အမြင့်ဆုံးပုဂ္ဂိုလ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့က အဖွဲ့မှ ထုတ်ပယ်ထားသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြဖြစ်သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ဝေါ်လေ တိုက်ပွဲ၌ တံတား လုပ်ငန်းခွင်မှ အရပ်သား၂၀ ကျော်ကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံ၍ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်အဖြစ်မှ တာဝန်ရပ်စဲခံရသူဖြစ်ပြီး နောက်ပိုင်းတွင် KTLA ဖွဲ့စည်းခြင်းကြောင့် အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

KNU ဘိတ်ထားဝယ်ခရိုင် တွင် တပ်မဟာ(၄)နှင့် ပြဿနာဖြစ်ပွားနေသည့် KTLAမှ ဗိုလ်စောအယ်ခွီးသည် ဗိုလ်မှူးချုပ်နယ်ဒါးမြလက်အောက်၌ တာဝန်ယူနေသူဖြစ်သည်။ ဗိုလ်စောအယ်ခွီးသည် ဗိုလ်ကော်လာဖိုးဟုလည်း လူသိများပြီး ၎င်းသည် စစ်အစိုးရထံ ၂ကြိမ် လက်နက်ချခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသူဖြစ်သည်ဟု တပ်မဟာ(၄)တာဝန်ရှိသူ အချို့က ပြောကြားထားသည်။

တနင်္သာရီတိုင်းကရင်လူမျိုးများ၏ ထုတ်ပြန်ချက်တွင် ကရင်အမျိုးသားပြည်သူလူထု အနေဖြင့်လည်း မည်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းကို မဆို ရန်လိုသောစိတ်၊ အနိုင်အထက် စီးနင်းလိုသော စိတ်၊ ကရင်အမျိုးသားများနှင့် မြန်မာ ပြည်သူများ အားလုံး၏ အကျိုးကို လစ်လျူရှုပြီး မိမိ ပုဂ္ဂလိက နှင့် သက်ဆိုင်ရာ အဖွဲ့ငယ်များ၏ အကျိုးစီးပွားကိုသာ ကြည့်ရှုသော ခေါင်းဆောင် များကိုလည်း ပြင်းပြင်းထန်ထန် ရှုံချကြောင်း ဖော်ပြထားသည်။

Facebook

You May Also Like

သတင်း

KTLAနှင့် KNLA ဘက်မှ အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် အလေးထားတိုက်တွန်းကြောင်း လည်းရ၎ဖော်ပြထားသည်။

သတင်း

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို ပေါက်မြို့နယ်က ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်(ပကဖ) ရင်း-၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်အား နံနက် ၉ နာရီခွဲခန့်တွင် တိုက်နယ်စွန်(စွန်) PDFအဖွဲ့က တပ်စိတ်တစ်စိတ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြသည်။