Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက တာ​ဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်

နေပြည်တော်ရှိ စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ကို တာ​​ဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်မှာ အခြေစိုက်တဲ့ အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာကို PDF တပ်ပေါင်းစုက မနေ့ မနက်ပိုင်းက တာဝေးပစ်လက်နက် နှစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်

တာ​ဝေးပစ် နှစ်စင်းပစ်ခတ်တိုက်ခိုက်ရာ တပ်စခန်းဝန်းအတွင်းရှိ အရာရှိလိုင်းခန်းလို့ ယူဆရ​တဲ့ အ​ဆောက်အအုံတစ်ခုကိုထိမှန်ခဲ့ပြီး စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်

▪︎မုံရွာမြို့ ကညနနဲ့ လဝကရုံးရှိ စစ်ကောင်စီတပ်တိုက်ခို​က်ရာ နှစ်ဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)နဲ့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Golden Eagle Force-Monywa-V2 အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက မုံရွာမြို့၊ အမြင့်လမ်းထိပ် လဝကရုံးအဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မနေ့ မနက်ပိုင်းကလည်း ကညနရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလားတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ လဝကရုံးရှိ စစ်ကောင်စီတပ်များ ထိခိုက်မှုမရှိခဲ့ဘဲ ကညနရုံးရှိ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ ဆိုပါတယ်။

▪︎ခင်ဦးမှာ တိုက်ပွဲမဖြစ်​ဘဲ စစ်အုပ်စုလက်နက်ကြီးပစ်ခတ်လို့ ဒေသခံနှစ််ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက်(၆၀)ကျော် အမျိုးသမီးတစ််ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ရွာသစ်ကုန်း ကျေးရွာမှ ပျူစောထီးများဟာ တိုက်ပွဲမဖြစ်ဘဲ (၆၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ နာရီဝက်ခန့််ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာ အတွင်း (၆၀)မမ သုံးလုံးကျကာ တစ်လုံးပေါက်ကွဲပြီး ဒေသခံနှစ််ဦးကို ထိမှန််ခဲ့တာပါ။

▪︎ငါန်းဇွန်နယ် ဂျပန်ကျွန်းကို သုံးရက်အတွင်း နှစ်ကြိမ်မီးရှို့ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ခြမ်းရှိ ဂျပန်ကျွန်းကို စစ်ကောင်စီတပ်က သုံးရက်အတွင်း နှစ်ကြိမ်တိုင် မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး ပြာကျခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဟာ ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းရွာ ကျွန်းကျောင်းအတိုင်း အင်အား ၂၅ ဦးခန့်နဲ့ ဂျပန်ကျွန်းသို့ သွားရောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျပန်ကျွန်းပေါ် ထပ်မံရောက်ရှိလာပြီး လက်နက်ကြီးနဲ့ ပြည်သူတွေရှိနိုင်မယ်ထင်တဲ့နေရာတွေကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် ဂျပန်ကျွန်းကို မီးထပ်မံရှို့ခဲ့ရာ ရွာအိမ်ခြေ ကုန်လုနီးပါး လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

▪︎KNU ထားဝယ်ခရိုင်မှာ KNLAနဲ့ KTLA တိုက်ပွဲဆက်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ထားဝယ်ခရိုင်မှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ KNU မှ ထုတ်ပယ်ထားတဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ခံ ကော်သူးလေအာမီ(KTLA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး KTLA တပ်စခန်း နေရာအချို့ကို KNLAက ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ခန့်ရှိပါပြီ။ ကရင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းမျိုးမှာ မဖြစ်သင့်ဘဲ စစ်အာဏာရှင် ဖြုတ်ချရေးကို အဓိကလုပ်ဆောင်ရမယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

KNLA တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNLA တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

▪︎နွေဦးတော်လှန်ရေး ၂ နှစ်မြောက်အခမ်းအနား ဂျီနီဗာရှိ အမေရိကန်သံရုံးမှာ ပြုလုပ်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အမေရိကန််သံရုံးမှာ နွေဦးတော်လှန်ရေး ၂ နှစ်မြောက် နဲ့ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်ခံရမှု ၆ နှစ်မြောက် အခမ်းအနားပြုလုပ်ရာ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာများအပေါ် ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုများကို ငြင်းပယ်လို့ မရကြောင်း၊ အဲဒီရာဇဝတ်မှုတွေကို အသိအမှတ်ပြုပြီး တရားမျှတမှု ရရှိနိုင်စေရေးလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ NUG အနေနဲ့လည်း ရိုဟင်ဂျာများအရေးပတ်သက်ပြီး ဆောင်ရွက်နေတဲ့ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

▪︎တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ်ဖြေရှင်းဖို့ လိုလားကြောင်း သဘောထားမျိုးတွေ ပြသထားပါတယ်။ မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကို ရောက်ရှိလာချိန်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။ မြန်မာ့အရေး ဆွေးနွေးခဲ့ကြရာမှာလည်း အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ် ကြေညာချက်ကို တရုတ်အစိုးရက အားပေးထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း မာဆူဒီက ပြောကြားခဲ့ပါတယ်။

(နိုင်ငံခြား​ရေးဝန်ကြီး နှစ်ဦး။ဓါတ်ပုံ-File Photo)
(နိုင်ငံခြား​ရေးဝန်ကြီး နှစ်ဦး။ဓါတ်ပုံ-File Photo)

▪︎မင်းအောင်လှိုင်ကို ထောက်ခံအားပေးတဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ဂျပန်ရောက်မြန်မာများ ဆန္ဒပြ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံအားပေးတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်နိုင်ငံရောက် မြန်မာများက မနေ့ညနေပိုင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲကို Revolution Tokyo Myanmar (RTM) အဖွဲ့က ဦးဆောင်ခဲ့ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ ဒီမိုကရေစီအရေး လိုလားသူ ဂျပန်နိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ တိုကျိုမြို့ရှိ နီပွန်ဖောင်ဒေးရှင်းရုံး အဆောက်အဦးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

You May Also Like