Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်ယာဥ်သုံးစီး မိုင်းဖြင့်တိုက်ခိုက်၊ နှစ်စီးပျက်စီးဟု ပကဖ ပြော

ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးမှာနေရာတွင် ထိုးရပ်ပျက်စီးသွားကြောင်း ၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေအား ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်သည်။

ရေစကြို(ပကဖ)တပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ရေစကြို(ပကဖ)တပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း တစ်ခုအတွင်းမှ ထွက်လာသည့် ယာဥ်သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)တွင် ရေစကြို ခလရ(၂၅၈)တပ်မှ အိမ်စီးကား သုံးစီးဖြင့် မြို့အတွင်းဝင်လာသည့် စစ်ကောင်စီတပ်သားများအား စိုက်ပျိုးရေး ခြံအနီးအရောက် ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

“ဒီလိုပဲ ကျွန်တော်တို့က အကြမ်းဖက်စစ်တပ်ကို ရရာနေရာကနေ ရရာလက်နက်နဲ့ ရတဲ့အချိန်မှာပဲ ကျွန်တော်တို့က တွန်းလှန်တိုက်ခိုက်သွားမှာပဲ။ ဒီလိုမျိုးရတဲ့အချိန် ရတဲ့နေရာမှာ ရတဲ့ လက်နက်နဲ့ တွန်းလှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ညီညီညွတ်ညွတ်ပေါ့ မဟာမိတ်အနေနဲ့ လက်တွဲပြီးတိုက်ထုတ်သွားမှာပဲ”ဟု ရေစကြို(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးမှာနေရာတွင် ထိုးရပ်ပျက်စီးသွားကြောင်း ၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေအား ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် (၂၅၈)တပ်အတွင်း ရုတ်ရုတ်သဲသဲဖြစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက် ည ၁၀နာရီခန့်ကလည်း ရေစကြိုမြို့၊ အမှတ်(၂)စည်ပင်သာယာရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လောင်ချာဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာရရှိကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်) ညပိုင်းက ဒီပဲယင်းမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များကို တာဝေးပစ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group(NTG)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ သိမ်းပိုက်ထားသည့် ထန်တလန်ရဲစခန်းအပါအဝင် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်းက ရဲစခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရများခဲ့ပြီး လက်နက် ၄၂လက်ကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။...

သတင်း

စစ်ကောင်စီဘက်တွင် ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်‌‌ရေးမဟာမိတ်ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။