Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ကျေးရွာ (၁၀)ရွာမှ ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်

ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ တန့်ဆည် – ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း သတိပေးထားသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒေသခံပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TCRF-PLA
တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒေသခံပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TCRF-PLA

▪️တန့်ဆည် – ကံထူးမလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်၏ ခမရ(၃၆၁)က စစ်ကြောင်းထိုးနေ၍ ကျေးရွာ (၁၀)ရွာခန့်မှ ဒေသခံပြည် သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်က တန့်ဆည်မြို့ပေါ်မှ ခင်နုဆည်ကျေးရွာသို့ ညအိပ်တပ်စွဲခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် ချောင်းဦးရွာအနီးမှတစ်ဆင့် သပြေရင်း-သရက်ခါး – ကံထူးမကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ညက ကံထူးမအနီးဝန်းကျင် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူတွေက စစ်ကြောင်းနှစ်ကြောင်း ပြိုင်ထိုးနေတယ်။စစ်ကြောင်းနှစ်ခုပေါင်း အင်အားက၂၅၀ ကျော် တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ တန့်ဆည် – ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း သတိပေးထားသည်။

တန့်ဆည်မြို့နယ်တွင် ​ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ခပေါင်းကြိုင်ရွာမှ မှန်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော ခမရ(၃၆၁) နှင့် ပျူစောထီးအဖွဲ့အား တန့်ဆည်(ပကဖ)နှင့် တပ်ရင်း (၂၅) တို့က ပဒေသာမိုင်း ရှစ်လုံးတွဲဖြင့်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ငါးဦး သေဆုံးကြောင်း တန့်ဆည် (ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေ‌ဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။