Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ်တွင် အရက်ဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားအချို့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

သရက်ချောင်းမြို့နယ် စော်ဖျားရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားအချို့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေ ၅ နာရီခန့်က အရက်ဝယ်ထွက်လာစဥ် ဥသြစစ်ကြောင်း၊ PDF တပ်ရင်း (၁)နှင့် DGRF တပ်ဖွဲ့ဝင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ဥသြစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်
ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ဥသြစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် အရက်ဝယ်ရန်ထွက်လာသော စစ်ကောင်စီတပ်သားအချို့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolution Force – DGRF က People’s Spring သတင်းဌာနသို့ ပြောသည်။

သရက်ချောင်းမြို့နယ် စော်ဖျားရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားအချို့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေ ၅ နာရီခန့်က အရက်ဝယ်ထွက်လာစဥ် ဥသြစစ်ကြောင်း၊ PDF တပ်ရင်း (၁)နှင့် DGRF တပ်ဖွဲ့ဝင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တပ်စွဲထားတဲ့ စခတွေ အရက်ထွက်လာဝယ်တုန်း ကျတော်တို့ ကင်းနဲ့ တည့်တိုးပြီး ပစ်ခံခဲ့ရတာ”ဟု DGRF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

အဆိုပါ တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ချိန် ၁၀ မိနစ်ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ PDF ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြော သည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ညနေပိုင်းကလည်း သရက်ချောင်းမြို့နယ် သိမ်ကုန်းရွာရေတံခွန်အနီး စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခု ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးအခြေ အနေအား မသိရသေးပေ။

Facebook

You May Also Like

သတင်း

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံးတွင် အသက်လုကုသမှုခံယူနေရသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက People's Springသို့ ပြောသည်။

သတင်း

ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်က အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် စခန်းအထိုင်ချရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။