Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GETTY IMAGES
စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GETTY IMAGES

စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာအနီး ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီဘက်က ၁၁ဦးသေဆုံးပြီး အများအပြားဒဏ်ရာရပြီးနောက် ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

“ညောင်ခြေထောက်ရွာနဲ့ ကိုးမိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်တာ။ စစ်တပ်ဘက်က ၁၁ယောက်သေတယ်။ ဒဏ်ရာရတာက ၂၀လောက်ရှ်ိတယ် ကြားတယ်။ သူတို့ ဒီမနက်အထိ အလောင်းလာမကောက်နိုင်သေးဘူး”ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

ည ၇ နာရီ မိနစ် ၄၀ခန့်တွင် စစ်ကောင်စီတပ်က Mi 35 ဖြင့် ဗုံးနှစ်လုံး ကြဲသွားကြောင်း၊ ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိကြောင်း ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ဒေသခံတွေက ရှောင်နေကြလို့ မထိပါဘူး။ ပစ်သွားတာက ဗုံးနှစ်လုံးပါ”ဟု ၎င်းက ပြောသည်။

သို့သော် ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) နံနက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ အ‌‌ခြေအနေတည်ငြိမ်နေသည်ဟု သတင်းရရှ်ိသည်။

စစ်ကောင်စီတပ်သည် ကသာမြို့နယ် မိုးတားရွာကို ဇန်နဝါရီ ၁၈ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ခုနှစ်ဦးသေဆုံးခဲ့သည်။ အဆိုပါရက်က မိုးတားရွာအနီး တိုက်ကုန်းရွာတိုက်ပွဲတွင် အထိနာပြီးနောက် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Facebook

You May Also Like

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

သရက်ချောင်းမြို့နယ် စော်ဖျားရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားအချို့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေ ၅ နာရီခန့်က အရက်ဝယ်ထွက်လာစဥ် ဥသြစစ်ကြောင်း၊ PDF တပ်ရင်း (၁)နှင့် DGRF တပ်ဖွဲ့ဝင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်က အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် စခန်းအထိုင်ချရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အင်အား(၈၀)ဝန်းကျင်စီရှိ​သည့်စစ်ကောင်စီစစ်ကြောင်းနှစ်​ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက် မနက်ကတည်းက ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။