Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၊ ရှ​ရော်ခ​ရွာမှပြည်သူ ၁၃၅ ဦးကိုစစ်​တပ်ကဖမ်းဆီးထား

ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

(ဖားကန့်မြို့နယ် ရှာ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-The 74 Media)
(ဖားကန့်မြို့နယ် ရှာ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-The 74 Media)

ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာကိုစစ်ကောင်စီတပ်ကမတ်လ ၁ ရက်တွင် ဝင်ရောက်စီးနင်းပြီး‌ ​ဒေသခံပြည်သူ ၁၃၅ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ရှရော်ခကျေးရွာကို ယမန်နေ့(မတ်လ ၁ရက်)ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်အင်အား ၅၀ ထက်မနည်းက သေနတ်များပစ်ဖောက်ဝင်ရောက်လာ ဒေသခံများကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း​ဒေသခံအချို့က​ပြောသည်။

စစ်​ကောင်စီစစ်​ကြောင်းတစ်​ကြောင်းကရွာအတွင်းဝင်​ရောက်စီးနင်း​နေချိန်တွင် ကျန်စစ်​ကြောင်းတစ်​ကြောင်းကရွာအပြင်တွင်​စောင့်​နေ​ကြောင်းလည်း​ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

“ ၁၃၅ ယောက်ကို ဖမ်းသွားတာပါ။ လူသားဒိုင်းအနေနဲ့ လုပ်ချင်တာထင်တယ်။ ပြန်မလွှတ်သေးဘူး။ အရင်ကတော့တစ်ယောက်ကို ၄သိန်း ၅သိန်း နဲ့ ပြန်ရွေးထုတ်ခိုင်းပြီး ဂွင်ဖန်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများတွင်လူငယ်အများအပြားပါဝင်နေပြီး မိန်းကလေးငယ်များလည်းပါဝင်​ကြောင်း သိရသည်။ ဖမ်းဆီးခံလိုက်ရသူများသည် ရေးမ‌ဆေးကျောက်ရှာဖွေသူအများစုဖြစ်ပြီးKIA၊PDFတို့နှင့်ဆက်စပ်သူများမဟုတ်ကြောင်း ဒေသခံများကပြောသည်။

ရှာ​ရော်ခ ​ကျေးရွာတွင် ​ပြည်သူ ၄၀၀ ​ကျော်​နေထိုင်ပြီး တစ်ရာ​ကျော်ဖမ်းဆီးခံထားရခြင်းဖြစ်​ကြောင်းလည်းသိရသည်။

ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ‌ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဆိုသည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၈)တွင် Yangon Revolution Force - YRF မှ ရဲဘော်များက ကျဆုံးပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီများဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြသည်။

သတင်း

ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှစစ်ကြောင်း သုံးခုဖြင့် ထိုးနေခြင်းဖြစ်သည်။