Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် အိန္ဒိယကို တော်လှန်ရေးအင်အားစု ၉၄ဖွဲ့တောင်းဆို

မြန်မာပြည်သူများနှင့် ဒီမိုကရေစီနှင့် ထိုက်တန်ပြီး ဒီမိုကရေစီခရီးသည် ကြမ်းတမ်းခက်ခဲလှကြောင်း အိန္ဒိယအစိုးရနှင့်ပြည်သူများအသိိဖြစ်ကြောင်း အထက်ပါ မြန်မာပြည်တော်လှန်ရေးအင်အားစုများ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် အိန္ဒိယကို တော်လှန်ရေးအင်အားစု ၉၄ဖွဲ့တောင်းဆို

မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းကြိုးပမ်းမှုများအား ရှုတ်ချကန့်ကွက်၍ မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် အိန္ဒိယဗဟိုအစိုးရနှင့် မဏိပူရ်အစိုးရသို့ ပြည်တွင်းအခြေစိုက်နှင့် အိန္ဒိယအခြေစိုက်အဖွဲ့အစည်းပေါင်း (၉၄) ဖွဲ့က ထုတ်ပြန်တောင််းဆို လိုက်သည်။

မြန်မာပြည်သူများနှင့် ဒီမိုကရေစီနှင့် ထိုက်တန်ပြီး ဒီမိုကရေစီခရီးသည် ကြမ်းတမ်းခက်ခဲလှကြောင်း အိန္ဒိယအစိုးရနှင့်ပြည်သူများအသိိဖြစ်ကြောင်း အထက်ပါ မြန်မာပြည်တော်လှန်ရေးအင်အားစုများ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာစစ်အာဏာရှင်ကို ခုခံတော်လှန်နေသည့် မြန်မာပြည်သူများသည် အိိန္ဒိယနယ်စပ်တစ်လျှောက် ထပ်မံ၍ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်များနှင့် ဆက်လက်ရင်ဆိုင်နေကြောင်း ဆက်လက်ဖော်ပြသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖား Sajiwa ထောင်တွင် မြန်မာနိုင်ငံသား စစ်ရှောင် ၂၀၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး လက်ရှိအချိန်အထိ အသက်မပြည့်သေးသူများ ၁၅ ဦးခန့်၊ အသက်အရွယ်ကြီးသူ ၁၀ ဦးခန့် နှင့် အမျိုးသမီး ၃၀ ဦးခန့် ပါဝင်ကြောင်း သိရသည်။

မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် အိန္ဒိယကို တော်လှန်ရေးအင်အားစု ၉၄ဖွဲ့တောင်းဆို
မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် အိန္ဒိယကို တော်လှန်ရေးအင်အားစု ၉၄ဖွဲ့တောင်းဆို

“အခုဆိုရင် မဏိပူရ်ရဲတွေက အိမ်တွေထဲကို တစ်အိမ်ဝင်၊ တစ်အိမ်ထွက် စစ်ဆေးတာတွေရှိိတယ်။ အဲဒီီလိုနဲ့ သူတိို့(မြန်မာပြည်သူတွေ)ထွက််ပြေးရတာရှိတယ်။ ထပ်ပြီး ပုန်းရှောင်ရတယ်။ ဖမ်းဆီိးခံရတယ်။ နောက် ဖမ်းဆီီီးခံရတဲ့သူတွေကလည်း ဘယ်အချိန်ပြန်လွတ်မလဲ မသိရသေးတဲ့စိတ်နဲ့နေနေရတယ်။ ဒါက မဏိပူရ်ဝန်ကြီးချုပ်ရဲ့ စဥ်းစားချက်နဲ့ လုပ်ဆောင်ချက်က မီဇိုရမ်ပြည်နယ်နဲ့ အတော်လေး ကွာခြားတာကို မြင်ရတယ်။ မီိဇိုရမ်ပြည်နယ်မှာဆိုရင် မြန်မာပြည်သားတွေကို ကြိုဆိုတယ်” ဟု ပူးတွဲထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောရေးဆိိုခွင့်ရှိသူ မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

သူမက ဆက်လက်၍ “ ပြီးရင် ကျောင်းတွေ ထားပေးတဲ့အပြင် စစ်ဘေးရှောင်ကတ်တွေ လုပ်ပေးတဲ့အနေအထားပေါ့။ အဲဒီလို လုပ်လို့ရလားဆိုတော့ လုပ်လို့ရတယ်။ ဒါကြောင့် ကျွန်မတို့က မီဇိုရမ်မှာ မြန်မာပြည်သားတွေကို ကူညီသလိုမျိိုး ကူညီပါ။​ကယ်ဆယ်ပါလို့ တိုက်တွန်းနှိုးဆော်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အသက် ၃၂ နှစ်အရွယ် စစ်ဘေးရှောင် ဒဲမ်ခိုလွန်းသည် ဖေဖော်ဝါရီ ၂၆ ရက်က Sajiwa ထောင်၌ ရုတ်တရက်သေဆုံးခဲ့ပြီး ယင်းအပေါ် မိသားစုဝင်များက အံ့သြဝမ်းနည်းကြေကွဲနေကြောင်း ဖော်ပြသည်။

ထို့အတွက် ပြည်တွင်းအခြေစိုက်နှင့် အိန္ဒိယအခြေစိုက်အဖွဲ့အစည်းပေါင်း (၉၄) ဖွဲ့က အိန္ဒိယဗဟိုအစိုးရနှင့် မဏိပူရ်အစိုးရသို့ တောင်းဆိုချက် (၄) ချက်ကို ယနေ့ထုတ်ပြန်သည်။

ယင်းတို့မှာ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်စပ်သည့် နိုင်ငံခြားရေးမူဝါဒအား ပြုပြင်ပြောင်းလဲကာ မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းကြိုးပမ်းမှုများအား ရှုတ်ချ ကန့်ကွက်၍ မြန်မာပြည်သူများ နှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန်၊ အသက်သေဆုံးခဲ့သည့် ဒဲမ်ခိုလွန်း ၏ တရားမျှတမှုအတွက် သေဆုံးခဲ့ရသည့် ဖြစ်ရပ်အား အဖြစ်မှန်ပေါ်ပေါက်ရန် အတွက် စုံစမ်းစစ်ဆေးရန် နှင့် မိသားစုနှင့် မြန်မာပြည်သူများအား ဖြစ်ရပ်အမှန်အား ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရန် တောင်းဆိုသည်။

ဆက်လက်ပြီး စစ်ပဋိပက္ခများကြောင့် တရားမ၀င်နယ်စပ်ဖြတ်ကျော်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူများအား ဖမ်းဆီးထောင်ချ အရေးယူမှုများကို ရပ်တန့်၍ အကျဥ်းထောင်များက ချက်ခြင်း ပြန်လွှတ်ပေးရန် နှင့် မြန်မာပြည်သူများ၏ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသည့် လက်တွေ့အခက်အခဲများအား လူသားချင်းလေးစား စာနာသောအားဖြင့် မဏိပူရ်ပြည်နယ်တွင် ယာယီနေထိုင်ခွင့် စစ်ဘေးရှောင်ကဒ်များ ထုတ်‌ပေး၍ သွားလာနေထိုင်ခွင့်ပြုရန်တို့ကို တောင်းဆိုဖော်ပြသည်။

You May Also Like

သတင်း

ဖန်များစွာ ပစ်ခတ်ခဲ့သည်။ အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အဆိုပါလက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု JFM က ဖော်ပြသည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့သည် (၇၅)နှစ်မြောက်ဖြစ်ပြီးအနှစ်သာရပြည့်၀သော ချင်းအမျိုးသားနေ့ကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်ပါစေဟု CNO/CNDF သဝဏ်လွှာ၌ ပါရှိသည်။

သတင်း

မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင်ဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင်ထိမ်းသိမ်းထားခြင်းဖြစ်သည်ဟုသိရသည်။