Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ် ကုန်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်၄၀၀ခန့် မီးရှို့ဖျက်ဆီးပြီး ပြည်သူသုံးဦးသတ်ဖြတ်

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော ကုန်းရွာနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော ကုန်းရွာနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၄၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျွန်းတောမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“ ညပိုင်းရှို့ပြီး ကျန်နေတဲ့အိမ်တွေကို နံနက်ပိုင်းမှာဆက်ရှို့တာ။ စီးစရာဖိနပ်တောင်မကျန်တော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကုန်းရွာမှ ပြည်သူများအကူအညီများလိုအပ်နေကြောင်း သိရသည်။

အဆိုပါ ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိအခိုက်များသည်ဟုသိရပြီး ဒေသတွင်း PDF များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

You May Also Like

သတင်း

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

သတင်း

ချပ်သင်းတိုက်နယ်သည် အမြဲစစ်ဘေးရှောင်ရသည့် တိုက်နယ်တစ်ခုဖြစ်ပြီး အချို့ကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်နီးပါး အထိကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။