Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယအာသံရိုင်ဖယ်တပ် ပလက်ဝမြို့နယ်အတွင်းဝင်ရောက်ပြီး သေနတ် ၁၀ချက်ပစ်​ဖောက်

အာသံရိုင်ဖယ်တပ်သည် အိန္ဒိယ ဗဟိုအစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဖြစ်ပြီး စစ်ရေးကွပ်ကဲမှုကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူထားခြင်းဖြစ်သည်။

(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)
(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)

နယ်စပ်ကျောက်တိုင်လာကြည့်သည့်ဟူသောအကြောင်းပြချက်ဖြင့်အိန္ဒိယအာသံရိုင်ဖယ်တပ်ကချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ မတ်လ ၁၃ ရက်တွင်ဝင်ရောက်ပြီးသေနတ်၁၀ချက်ပစ်ဖောက်ခဲ့ကြောင်းCDF-ပလက်ဝတာဝန်ရှိသူကပြောသည်။

အာသံရိုင်ဖယ်တပ်ဝင်ရောက်ခဲ့သည့်နေရာမှာCDF-ပလက်ဝ၊ တပ်ရင်း-၂ အခြေစိုက်ရာ ရွှေလိုက်ဝကျေးရွာ အတွင်းဖြစ်ပြီး ကျောက်တိုက်ကြည့်ရှုပြီး အပြန်တွင် သေနတ် ၁၀ ချက်ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ယက်တွင်မတ်လ ၁၃ ရက်ကရေးသားခဲ့သည်။

(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)
(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)

“ India အာဆမ်တပ်တွေ ကျွန်တော်တို့မြေပေါ် ခြေနင်းချင်တိုင်း နင်းနေတာကြာပါပြီ ၊ ယခု ဖြစ်စဉ်ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် India အစိုးရကြားရှိ နယ်စပ် ကျောက်တိုင် လာ ကြည့်ရှုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်အပြည့်အစုံ နဲ့ မြန်မာပြည် ပြည်တွင်း ရှိ CDF -Paletwa အခြေချရာ တပ်ရင်း-၂ ၊ ရွှေလိုက်ဝ ကျေးရွှာ နယ်မြေထဲ ကို ဝင်ရောက်လာခြင်းဖြစ်ပါတယ်။”ဟု အထက်ပါတာဝန်ရှိသူကရေးသားထားသည်။

အာသန်ရိုင်ဖယ်တပ်သား ၁၀ ဦး​ကျော်ပါဝင်​သောအဖွဲ့က မတ် ၁၃ ရက် နံနက်ကဝင်​ရောက်လာပြီး စာသင်​ကျောင်းနှင့်အိမ်များကိုဓါတ်ပုံရိုက်ကူးသွား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

​ရွှေလိုက်ဝ​ကျေးရွာသည် အိမ်ခြေ ၁၀၀ ​ကျော်နှင့် လူဦးရေ ၆၀၀ ကျော်နေထိုင်​ကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်ပြီး NUGအနေဖြင့် အိန္ဒိယနိုင်ငံဖြင့် ပိုကောင်းသည့် ဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးပမ်းသင့်ကြောင်း CDF ပလက်ဝမှတာဝန်ရှိသူကဆက်​ပြောသည်။

အာသံရိုင်ဖယ်တပ်သည် မြန်မာနိုင်ငံနယ်နမြိတ်အတွင်းကို အကြိမ်ကြိမ်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အာသံရိုင်ဖယ်တပ်သည် အိန္ဒိယ ဗဟိုအစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဖြစ်ပြီး စစ်ရေးကွပ်ကဲမှုကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူထားခြင်းဖြစ်သည်။

You May Also Like

သတင်း

မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် ယနေ့နေ့လယ်တွင်ချင်း​ဒေသကာကွယ်​ရေးတပ်-CDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မေးမြန်းခန်း

အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊မိုရေးမြို့တွင်ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကမြန်မာနိုင်ငံသား စစ်ဘေးရှောင်(၈၄)ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

သတင်း

မြန်မာပြည်သူများနှင့် ဒီမိုကရေစီနှင့် ထိုက်တန်ပြီး ဒီမိုကရေစီခရီးသည် ကြမ်းတမ်းခက်ခဲလှကြောင်း အိန္ဒိယအစိုးရနှင့်ပြည်သူများအသိိဖြစ်ကြောင်း အထက်ပါ မြန်မာပြည်တော်လှန်ရေးအင်အားစုများ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။