Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မှKIA အရာရှိတစ်ဦးအိမ်ကိုစစ်တပ်စီးနင်း၊ အရာရှိအဖမ်းမခံရဘဲ အိမ်ရှိပြည်သူ ၅ဦးဖမ်းဆီးခံရ

ဖားကန့်တွင်စစ်ကောင်စီတပ် ဖမ်းဆီးမှုများဆက်တိုက်ပြုပြုလုပ်နေပြီး KIAမှတာဝန်ရှိသူများအနေဖြင့် မြေပြင်အခြေအနေကို ပိုမိုလေ့လာပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ပေးရန် ဒေသခံပြည်သူများကတောင်းဆိုသည်။

(ဖားကန့်မြို့နယ်မှ ​မှော်လှည့်သပိတ်က စစ်​ကောင်စီကိုဆန့်ကျင်​ကြောင်း ၊KIA၊NUG နှင့်​တော်လှန်​ရေးအင်အားစုများကို​ထောက်ခံ​ကြောင်း ၊တိုက်ပွဲအရှိန်မြှင့်ရန် ​ဖေ​ဖော်ဝါရီ လလယ်ကဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်။ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်)
(ဖားကန့်မြို့နယ်မှ ​မှော်လှည့်သပိတ်က စစ်​ကောင်စီကိုဆန့်ကျင်​ကြောင်း ၊KIA၊NUG နှင့်​တော်လှန်​ရေးအင်အားစုများကို​ထောက်ခံ​ကြောင်း ၊တိုက်ပွဲအရှိန်မြှင့်ရန် ​ဖေ​ဖော်ဝါရီ လလယ်ကဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်။ဓါတ်ပုံ-ဖားကန့်ပင်မသပိတ်)

▪︎ဖားကန့်တွင်စစ်​ကောင်စီက ​​တော်လှန်​ရေးအင်အားစုနှင့်ပြည်သူများကိုဆက်တိုက်ဖမ်းဆီး​​နေ၍ KIA ကစစ်တပ်အားအရှိန်မြှင့်တိုက်ခိုက်​ပေးရန်​ဒေသခံများ​တောင်းဆို

ဖားကန့်တွင်KIAတပ်ရင်း(၆) ဒုတိုက်နယ်မှူးတန်ဆန်း၏ နေအိမ်ကို ယနေ့(မတ်လ ၁၅ရက်) နံနက် ဝေလီဝေလင်းအချိန်တွင် စစ်ကောင်စီတပ်က ဝင်​ရောက်စီးနင်းခဲ့ရာ ​နေအိမ်ရှိပြည်သူငါးဦးကို ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

ကချင်လွတ်​လပ်​ရေးတပ်မ​တော် (KIA) တပ်ရင်း(၆) ဒုတိယတိုက်နယ်မှူးတန်ဆန်း၏ နေအိမ်ဟုဆို​သောဖားကန့်မြို့၊ မှော်မောင်းလျန်ရပ်ကွက်မှ​နေအိမ်တစ်လုံးကိုစစ်​တပ်က ယနေ့ နံနက် ၅နာရီ ၂၀ မိနစ်တွင်အင်အားအများအပြားဖြင့် ဝင်စီးနင်းခဲ့ခြင်းဟု မှော်မောင်းလျန်ဒေသခံများကပြောသည်။

” ဒုတိယတိုက်နယ်မှုး တန်ဆန်းလွတ်မြောက်သွားပါတယ်။ အဲ့ဒီအိမ်ထံကကချင်တိုင်းရင်းသားငါးဦးကိုရိုက်နှက်ဖမ်းဆီးသွားတယ်။ အိမ်ထဲက ကွန်ပြူတာတွေရော ကားတွေပါ သိမ်းသွားတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးခံရသူများမှာ ကိုဒွဲဂျာ၊ကိုလအောင်၊ နော်လီ၊ဂွမ်ထန်နော်အောင်၊ဆွတ်လွတ်နော်လတ်တို့ဖြစ်ကြောင်း People’s Spring သတင်းဌာနက စုံစမ်းသိရှိရသည်။

ဖားကန့်တွင် မတ်လ ၁၁ရက်​နေ့ကလည်း ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် KIOအရာရှိအချို့အပါအဝင် ရုံးအတွင်းရှိနေသူဆယ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖားကန့်တွင်စစ်ကောင်စီတပ် ဖမ်းဆီးမှုများဆက်တိုက်ပြုပြုလုပ်နေပြီး KIAမှတာဝန်ရှိသူများအနေဖြင့် မြေပြင်အခြေအနေကို ပိုမိုလေ့လာပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ပေးရန် ဒေသခံပြည်သူများကတောင်းဆိုသည်။

“ KIA အနေနဲ့ အရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်ဖို့လိုပြီ။ အဲ့လိုမလုပ်ရင်တော့ မြေပြင်မှာအကုန်အဖမ်းခံရတော့မယ်” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည်ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါ ၁၅ရက်အတွင်း တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်သား နှစ်ရာထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဖမ်းဆီးခံရသူအများစု ပြန်လွတ်လာသော်လည်း အချို့သည် အဆက်အသွယ်ပြတ်တောက်နေသည်။ဖားကန့်မြို့နယ်တွင်စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားသူများတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်မာမာအေးလည်းပါဝင်ခဲ့သည်။

You May Also Like

သတင်း

ယမန်နေ့ (မတ် ၁၄ရက်) နံနက် ၆နာရီခန့်က မင်းတုန်းမြို့နယ် ပုသိမ် - မုံရွာလမ်းပိုင်းရှိ (၅)မိုင်စစ် ဆေးရေးဂိတ်အား တပ်ရင်း (၄)Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ် (S.A.F)တို့ ပူးပေါင်းပြီး (၄၀) မမဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

KNDF ကမူ မတ်လ ၁၂ ရက်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူရုပ်အ​လောင်း ၂၈ ​လောင်း​တွေ့ရှိရ​ကြောင်းထုတ်ပြန်ထားသဖြင့် ယခုထုတ်ပြန်ချက်ထက် ၇ ဦးပိုများသည်။ထို​ကြောင့် ကျန် ၇ ဦး၏ ရုပ်အ​လောင်းနှင့် ပတ်သပ်၍ People's Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

သတင်း

ဦးမြင့်လွင်သည် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့(မတ်လ ၁၂ရက်) နေ့လယ် ၂နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်က နန်းနိမ့်ရွာသံဃာတော်သုံးပါးအပါအဝင် ၊ အပြစ်မဲ့ပြည်သူများအား မသေမချင်း တန်းစီ ပစ်သတ်ထားသော လုပ်ရပ်အား အပြင်းအထန် ရူတ်ချကြောင်းလည်း KRU ကထုတ်ပြန်သည်။