Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်သည့် တော်လှန်ရေးရဲဘော်များကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးပေး

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

▪️တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ရ

▪︎​ငွေ​တောင်စား​သောက်ဆိုင်ကိုပြည်သူများ​​ရှောင်ကျဥ်ရန်​​​မေတ္တာရပ်ခံ ၊လုပ်ရပ်အတွက်ဆိုင်တာဝန်ယူရမည်ဟုအသိ​ပေး

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးရဲဘော်များကို ငွေတောင်စားသောက် ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သောကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း Blackfox YGN UG က အသိပေးသည်။

ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားများက ဗုံးဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်သည်။

“ပြည်သူများအနေဖြင့် ငွေတောင်စားသောက်ဆိုင်သို့ အတတ်နိုင်‌ဆုံးရှောင်ကြဉ်သွားလာဖို့ အထူးမေတ္တာရပ်ခံပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငွေတောင် စားသောက်ဆိုင်အနေဖြင့် မိမိတို့လုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးလိုပါသည်”ဟု Blackfox YGN UG က သတိပေးထားသည်။

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးရဲဘော်များကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သောကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း Blackfox YGN UG က အသိပေးသည်။

ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို UG များက ဗုံးဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်သည်။

“ပြည်သူများအနေဖြင့် ငွေတောင်စားသောက်ဆိုင်သို့ အတတ်နိုင်‌ဆုံးရှောင်ကြဉ်သွားလာဖို့ အထူးမေတ္တာရပ်ခံပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငွေတောင် စားသောက်ဆိုင်အနေဖြင့် မိမိတို့လုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးလိုပါသည်”ဟု Blackfox YGN UG က သတိပေးထားသည်။

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Dark Shadow အဖွဲ့ကလည်း ငွေတောင်ဆိုင်အနေဖြင့် ၎င်းတို့လုပ်ရပ်အတွက်တာဝန်ယူရန် သတိပေးထားသည်။

“ကျွန်ုပ်တို့၏ တော်လှန်ရေးဘက်တော်သား ရဲဘော်၊ ရဲဘက်များနှင့် ပြည်သူများကို ဒုက္ခပေး အကြမ်းဖက်သော စစ်ကောင်စီ၏ ကြိုးဆွဲရုပ် ဒလန်များနှင့် နောက်လိုက်များအားလုံးကို လွတ်လပ်ရေးပန်းတိုင်၏ ခလုတ်ကန်သင်းအဖြစ် သတ်မှတ်ပြီး ရှင်းလင်းဖယ်ရှားတိုက်ခိုက်သွားမည်”ဟု Dark Shadow UG အဖွဲ့ကအသိပေးထားသည်။

ငွေတောင်စားသောက်ဆိုင်ပိုင်ရှင် ဦးသန်းဝင်း​၏ သား ဖြစ်သူမှာစစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်သည်။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

သတင်း

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။

သတင်း

တိုက်ခိုက်မှု မှာပါဝင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဖြစ်တဲ့ NMD က ပထမအဆင့်အနေနဲ့ သတိပေး ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံတကာ

နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်က ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်ပုံတွေမှာ မြောက်ကိုရီးယားက ပြန်ထွက်လာတဲ့ ရုရှား ရထားတွဲတွေဟာ ပခုံးထမ်း လောင်ချာနဲ့ ဒုံးကျည်တွေ တင်ဆောင်လာတာကို တွေ့ရပါတယ်။